ဟေ​ရှာ​ယ 52:5-8 Common Language Bible (BCL)

5. ထာ​ဝ​ရ​ဘု​ရား​က​ယ​ခု​အ​ခါ​ဗာ​ဗု​လုန်​ပြည် တွင်​လည်း ဤ​အ​တိုင်း​ပင်​ဖြစ်​ပြန်​လေ​ပြီ။ သင် တို့​သည်​ထို​ပြည်​တွင်​အ​ကြောင်း​မဲ့​သုံ့​ပန်း​များ ဖြစ်​လျက်​နေ​ကြ​ရ​၏။ သင်​တို့​ကို​အုပ်​စိုး​သူ များ​သည်​ပြောင်​လှောင်​ကာ ငါ့​နာ​မ​တော်​ကို အ​စဉ်​ပင်​မ​ထီ​မဲ့​မြင်​ပြု​ကြ​၏​ဟု​မိန့်​တော် မူ​သည်။-

6. သို့​ရာ​တွင်​ငါ​သည်​ဘု​ရား​သခင်​ဖြစ်​တော်​မူ ကြောင်း၊ ငါ​၏​လူ​တို့​သည်​ငါ​၏​နာ​မ​တော်​ကို သိ​၍ သင်​တို့​အား​ဗျာ​ဒိတ်​ပေး​တော်​မူ​ခဲ့​သူ မှာ ငါ​ဖြစ်​ကြောင်း​နောင်​အ​ခါ​၌​သင်​တို့​သိ မှတ်​လာ​ကြ​လိမ့်​မည်။

7. ငြိမ်း​ချမ်း​ရေး​တည်း​ဟူ​သော​သ​တင်း​ကောင်း​ကို ယူ​ဆောင်​လာ​သူ၊စေ​တ​မန်​တစ်​ဦးတောင်​ရိုး​ကို​ဖြတ်​ကျော်​နေ​သည်​ကို​တွေ့​မြင်​ရ​ပုံ​မှာ ကျက်​သ​ရေ​ရှိ​လှ​ပါ​သည်​တ​ကား။ထို​စေ​တ​မန်​သည်​ကယ်​တင်​ခြင်း​သ​တင်း​ကို ကြေ​ညာ​လျက်၊ဇိ​အုန်​မြို့​အား``သင်​၏​ဘု​ရား​သ​ခင်​သည် ဘု​ရင်​ဖြစ်​တော်​မူ​၏'' ဟု​ဆို​၏။

8. မြို့​စောင့်​တပ်​သား​များ​သည်​အ​သံ​ကျယ်​စွာ​နှင့်အား​ရ​ရွှင်​လန်း​စွာ​တ​ညီ​တ​ညွတ်​တည်း ကြွေး​ကြော်​လျက်​နေ​ကြ​၏။ဇိ​အုန်​မြို့​သို့​ထာ​ဝ​ရ​ဘု​ရား​ပြန်​လည်ကြွ​လာ​တော်​မူ​မည်​ကို၊သူ​တို့​ကိုယ်​တိုင်​ပင် တွေ့​မြင်​နိုင်​ကြ​လေ​သည်။

ဟေ​ရှာ​ယ 52