ဟေ​ရှာ​ယ 52:1-3 Common Language Bible (BCL)

1. ဇိ​အုန်​မြို့၊သင်​သည်​တစ်​ဖန်​ပြန်​လည်​ကြံ့​ခိုင် ခမ်း​နား​ကြီး​ကျယ်​၍​လာ​လော့။အို ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​မြို့​တော်၊ သင်​၏​ကိုယ်​ကို​ဘုန်း​အ​သ​ရေ​နှင့်​လွှမ်း​ခြုံ​ပါ​လော့။တိုင်း​တစ်​ပါး​သား​တို့​သည်နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ​၌​မျှ​သင်​၏ တံ​ခါး​ထဲ​၌​ဝင်​ရ​ကြ​တော့​မည်​မ​ဟုတ်။

2. အို ယေ​ရု​ရှ​လင်​မြို့၊သင်​၏​ကိုယ်​ကို​ရုန်း​ခါ​၍ လွတ်​မြောက်​အောင်​ပြု​လော့။မြေ​မှုန့်​ထဲ​မှ​ထ​၍​သင်​၏​ပလ္လင်​ပေါ်​တွင်​ထိုင်​လော့။အို သုံ့​ပန်း​ဇိ​အုန်​မြို့​သူ​မြို့​သား​တို့၊သင်​တို့​အား ချည်​နှောင်​ထား​သည့်​သံ​ကြိုး​များ​ကို​ဖြေ​ကြ​လော့။

3. ထာ​ဝ​ရ​ဘု​ရား​က​မိ​မိ​၏​လူ​မျိုး​တော်​အား``သင် တို့​သည်​ငွေ​ဖြင့်​ရောင်း​ချ​မှု​ကို​မ​ခံ​ရ​သော်​လည်း ကျွန်​ဘဝ​သို့​ရောက်​ရှိ​သွား​ကြ​၏။ ထို့​ကြောင့်​သင် တို့​အား​ရွေး​နုတ်​ရာ​တွင်​လည်း​အ​ဖိုး​ငွေ​ပေး​ရ လိမ့်​မည်​မ​ဟုတ်။ သင်​တို့​သည်​အ​ခ​မဲ့​လွတ်​လပ် ခွင့်​ကို​ရ​ရှိ​ကြ​လိမ့်​မည်။-

ဟေ​ရှာ​ယ 52