7. သူတို့သည်ငါပိုင်သည့်လူမျိုးတော် ငါ၏ဘုန်းအသရေကိုဆောင်ရန်ငါဖန်ဆင်းထားသူများဖြစ်ပေသည်'' ဟု မိန့်တော်မူ၏။
8. ဘုရားသခင်က``ငါ၏လူမျိုးတော်ကိုတရားရုံးတော်သို့ ဆင့်ခေါ်ကြလော့။သူတို့သည်မျက်စိရှိလျက်နှင့်မမြင်ကြ။ နားရှိလျက်နှင့်မကြားကြပါတကား။
9. လူမျိုးတကာတို့အားတရားစီရင်ရာသို့ ဆင့်ခေါ်ကြလော့။သူတို့၏အဘယ်မည်သောဘုရားတို့သည် အနာဂတ်ဟောစတမ်းကိုထုတ်နိုင်ပါသနည်း။အဘယ်မည်သောဘုရားတို့သည်ယခုဖြစ် ပျက်ဆဲ အမှုအရာများကိုကြိုတင်ဟောကြားခဲ့ပါ သနည်း။ထိုဘုရားတို့သည်မိမိတို့မှန်ကန်၍နေ ကြောင်း အထောက်အထားပြနိုင်ရန်နှင့်မိမိတို့ပြောဆိုခဲ့သည့်အတိုင်းဟုတ်မှန်၍ နေပုံကို အကိုးအကားပြနိုင်ရန်၊အသိသက်သေများကိုခေါ်ဆောင်ခဲ့ကြပါစေ။
10. ``အို ဣသရေလအမျိုးသားတို့၊ သင်တို့သည် ငါ၏အသိသက်သေများတည်း။သင်တို့ငါ့အားသိကျွမ်းယုံကြည် ကြစေရန်လည်းကောင်း၊ငါသည်တစ်ဆူတည်းသောဘုရားဖြစ်ကြောင်း သိရှိနားလည်ကြစေရန်လည်းကောင်း၊ငါသည်သင်တို့အားငါ၏အစေခံလူမျိုး အဖြစ် ရွေးချယ်ခဲ့ပေသည်။ငါမှတစ်ပါးအခြားဘုရားမရှိ။အဘယ်အခါကမျှမရှိခဲ့။ နောင်ကိုလည်း ရှိလိမ့်မည်မဟုတ်။