1. ထိုအချိန်ကာလလောက်၌ပင်ဗာလဒန်၏ သားဗာဗုလုန်ဘုရင်မေရောဒပ္ဗာလဒန်သည် ဟေဇကိမင်းဖျားနာလျက်ရှိကြောင်းကြား သိရသဖြင့်၊ သဝဏ်လွှာတစ်စောင်နှင့်လက် ဆောင်ပဏ္ဏာပေးပို့ဆက်သလေ၏။-
2. ဟေဇကိသည်စေတမန်တို့ကိုလက်ခံပြီး လျှင် မိမိ၏ဘဏ္ဍာတော်များဖြစ်သည့် ရွှေ၊ ငွေ၊ နံ့သာမျိုး၊ နံ့သာဆီနှင့်လက်နက်ကိရိယာ ရှိသမျှတို့ကိုပြ၏။ ပစ္စည်းသိုလှောင်ခန်းများ နှင့်နိုင်ငံတော်အရပ်ရပ်တို့တွင်ထိုသူတို့ အားမင်းကြီးမပြသည့်အရာတစ်စုံ တစ်ခုမျှမရှိ။-
3. ထိုနောက်ဟေရှာယသည်ဟေဇကိမင်းထံ သွား၍``ထိုသူတို့သည်အဘယ်အရပ်မှလာ ပါသနည်း။ သူတို့ကအရှင့်အားအဘယ် သို့ပြောဆိုကြပါသနည်း'' ဟုမေး၏။ဟေဇကိက``သူတို့သည်အလွန်ဝေးသော ဗာဗုလုန်ပြည်မှလာပါသည်'' ဟုဆိုလျှင်၊