1-2. ကန္တာရသည်ရွှင်မြူးလိမ့်မည်။မြေရိုင်းများတွင်လည်းပန်းများပွင့်လိမ့်မည်။ကန္တာရသည်ဝမ်းမြောက် ရွှင်လန်းသဖြင့်သီချင်းဆိုကြွေးကြော်လိမ့်မည်။လေဗနုန်တောင်ကဲ့သို့လှပတင့်တယ်လျက်ကာရမေလနှင့်ရှာရုန်တောင်ကုန်းလယ်ယာများကဲ့သို့အသီးအနှံများ ဝေဆာလျက် ရှိလိမ့်မည်။လူအပေါင်းတို့သည်ဘုရားသခင်၏ ဘုန်းအသရေတော်ကိုလည်းကောင်း၊ကိုယ်တော်၏တန်ခိုးအာနုဘော်တော်ကို လည်းကောင်း ဖူးမြင်ရကြလိမ့်မည်။
3. နွမ်းနယ်လျက်ရှိသည့်လက်တို့ကိုလည်းကောင်း၊အားနည်းတုန်လှုပ်လျက်နေသည့် ဒူးတို့ကိုလည်းကောင်းအားဖြည့်၍ပေးကြလော့။