15. သို့ရာတွင်ဘုရားသခင်သည်မိမိ၏ဝိညာဉ် တော်ကို ငါတို့ထံသို့တစ်ဖန်ပြန်၍စေလွှတ် တော်မူလိမ့်မည်။ ထိုအခါမြေလွတ်မြေရိုင်း များသည်မြေကောင်းမြေသန့်များဖြစ်လာ ကြလျက် လယ်ယာများကောက်ပဲသီးနှံ အမြောက်အမြားထွက်လိမ့်မည်။-
16. တိုင်းပြည်အတွင်း၌အရပ်တကာတွင်သူ တော်ကောင်းတရားနှင့် တရားမျှတမှုကို ကျင့်သုံးကြလိမ့်မည်။-
17. လူအပေါင်းတို့သည်အမှန်တရားအတိုင်း ကိုပြုကျင့်ကြမည်ဖြစ်၍ ထာဝစဉ်ငြိမ်း ချမ်းသာယာမှုနှင့်လုံခြုံစိတ်ချမှုရှိ လိမ့်မည်။-
18. ဘုရားသခင်၏လူမျိုးတော်တို့နေထိုင်ရာ အိမ်များသည်ငြိမ်သက်၍လုံခြုံလိမ့်မည်။ ထို လူမျိုးတော်သည်လည်းပူပင်သောကနှင့် ကင်းဝေးကြလိမ့်မည်။-
19. (သစ်တောများအပေါ်သို့မိုးသီးများကျ လိမ့်မည်။ မြို့သည်လည်းပြိုပျက်၍သွားလိမ့် မည်။-)
20. ကောက်ပဲသီးနှံများအတွက်မြည်းနှင့်ကျွဲ နွားစားကျက်များအတွက် ရေအလုံအလောက် ရရှိသဖြင့်လူအပေါင်းတို့သည်ရွှင်လန်း ဝမ်းမြောက်ကြလိမ့်မည်။