ဟေ​ရှာ​ယ 26:1-8 Common Language Bible (BCL)

1. ယု​ဒ​ပြည်​တွင်​အောက်​ပါ​သီ​ချင်း​ကို​လူ​တို့ သီ​ဆို​ကြ​သည့်​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ လိမ့်​မည်။ သူ​တို့​က``ငါ​တို့​၏​မြို့​တို့​သည်​ခိုင်​ခန့်​ပေ​သည်။ကယ်​တင်​ခြင်း​နှင့်​ဆိုင်​သော​မြို့​ရိုး​များ​ကိုဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ကာ​ကွယ်​တော်​မူ ပါ​၏။

2. မြို့​တံ​ခါး​တို့​ကို​ဖွင့်​လိုက်​ပြီး​လျှင်​ဖြောင့်​မှန် ရာ​ကို ပြု​ကျင့်​သည့်​လူ​မျိုး၊သစ္စာ​ရှိ​သည့်​လူ​မျိုး​အား​ဝင်​ခွင့်​ပြု​ကြ​လော့။

3. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည် စိတ်​နှ​လုံး​တည်​ကြည်​၍ကိုယ်​တော်​ရှင်​ကို​ယုံ​ကြည်​ကိုး​စား​ကြ​သူ​တို့ အားစစ်​မှန်​သော​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ပေး​တော် မူ​ပါ​၏။

4. ထာ​ဝ​ရ​ဘု​ရား​ကို​အ​မြဲ​တ​စေ​ယုံ​ကြည် ကိုး​စား​ကြ​လော့။ကိုယ်​တော်​သည်​ငါ​တို့​အား​အ​စဉ်​ကွယ်​ကာ စောင့်​ထိန်း​တော်​မူ​လိမ့်​မည်။

5. ကိုယ်​တော်​သည်​မာန်​မာ​န​ကြီး​သူ​တို့​ကို ရှုတ်​ချ​တော်​မူ​ပြီး​လျှင်၊သူ​တို့​နေ​ထိုင်​ရာ​ခိုင်​ခန့်​သည့်​မြို့​ကို ဖျက်​ဆီး​တော်​မူ​၍၊မြို့​ရိုး​များ​ကို​ဖုတ်​ထဲ​သို့​ပြို​ကျ​စေ​တော်​မူ​လေ​ပြီ။

6. ဖိ​နှိပ်​ချုပ်​ချယ်​မှု​ခံ​ခဲ့​ရ​ကြ​သူ တို့​သည်​လည်းယ​ခု​အ​ခါ၊ထို​မြို့​ကို​ခြေ​နှင့်​နင်း​၍ ကျော်​လွှား​သွား​လာ​လျက်​ရှိ​ကြ​၏။

7. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်သူ​တော်​ကောင်း​တို့​လမ်း​ကို​ဖြောင့်​စေ​တော်​မူ​ပါ​၏။သူ​တို့​သွား​ရ​သော​ခရီး​လမ်း​သည်​လည်း​ညီ​ညာ ပါ​၏။

8. ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏ အ​လို​တော်​အ​တိုင်း​လိုက်​၍၊ကိုယ်​တော်​ရှင်​အား​မျှော်​ကိုး​လျက်​ရှိ​ကြ​ပါ​၏။ကိုယ်​တော်​ရှင်​ကို​သာ​လျှင် တောင့်​တ​ကြ​ပါ​၏။

ဟေ​ရှာ​ယ 26