ဟေ​ရှာ​ယ 24:18-20 Common Language Bible (BCL)

18. ထိတ်​လန့်​ဖွယ်​ရာ​ဘေး​ဥ​ပဒ်​မှ​လွတ်​မြောက် ရန်​ကြိုး​စား​သူ​သည်​မြေ​တွင်း​ထဲ​သို့​ကျ လိမ့်​မည်။ မြေ​တွင်း​မှ​လွတ်​မြောက်​လာ​သူ​သည် ကျော့​ကွင်း​တွင်​မိ​လိမ့်​မည်။ ကောင်း​ကင်​မှ​မိုး ကြီး​သည်း​ထန်​စွာ​ရွာ​သွန်း​၍ ကမ္ဘာ​မြေ​ကြီး ၏​အုတ်​မြစ်​များ​သည်​တုန်​လှုပ်​လိမ့်​မည်။-

19. ကမ္ဘာ​မြေ​ကြီး​သည်​ကွဲ​အက်​ကာ​က​စင့် က​လျား​ဖြစ်​လျက်​နှစ်​ခြမ်း​ပွင့်​၍​သွား လိမ့်​မည်။-

20. ကမ္ဘာ​မြေ​ကြီး​သည်​လေ​မုန်​တိုင်း​မိ​သည့်​တဲ ကဲ့​သို့​လည်း​ကောင်း၊ သေ​သောက်​ကြူး​သူ​ကဲ့​သို့ လည်း​ကောင်း​ယိမ်း​ယိုင်​လျက်​နေ​လိမ့်​မည်။ ကမ္ဘာ လော​က​သည်​အ​ပြစ်​ဝန်​ထုပ်​ပိ​လျက်​နေ သ​ဖြင့် ပြို​လဲ​သွား​လိမ့်​မည်။ နောက်​တစ်​ဖန် ပြန်​၍​ထ​နိုင်​တော့​မည်​မ​ဟုတ်။

ဟေ​ရှာ​ယ 24