1. ဤဗျာဒိတ်တော်သည်ဗျာဒိတ်ရူပါရုံချိုင့် ဝှမ်းနှင့် သက်ဆိုင်သည့်ဗျာဒိတ်တော်ဖြစ်၏။မြို့သူမြို့သားအပေါင်းတို့သည်အဘယ်ကြောင့် မိမိတို့အိမ်ခေါင်မိုးများအပေါ်တွင်ပွဲလမ်း သဘင်ဆင်ယင်ကျင်းပနေကြပါသနည်း။ အဘယ်အမှုအရာဖြစ်ပျက်လျက်ရှိပါ သနည်း။-
2. တစ်မြို့လုံးပင်အုတ်အုတ်ကျက်ကျက်ဖြစ် လျက် လူတို့စိတ်လှုပ်ရှားအော်ဟစ်သံများ နှင့်ပြည့်နှက်၍နေ၏။သင်၏လူတို့သည်ဤစစ်ပွဲတွင်တိုက်ခိုက် ရင်းကျဆုံးရကြသည်မဟုတ်။-
3. မြားတစ်စင်းကိုမျှမပစ်မလွှတ်ရမီ သင် ၏ခေါင်းဆောင်အပေါင်းသည်ထွက်ပြေးသဖြင့် သုံ့ပန်းအဖြစ်အဖမ်းခံရကြ၏။-
4. ယခုငါ့အားတစ်ကိုယ်တည်းပြင်းပြစွာ ငိုကြွေးခွင့်ပြုပါလော့။ ငါ၏လူအမြောက် အမြားသေကြေပျက်စီးကြပြီဖြစ်၍ ငါ့အားနှစ်သိမ့်ရန်မကြိုးစားပါနှင့်။-
5. ဤအချိန်သည်ဗျာဒိတ်ရူပါရုံချိုင့်ဝှမ်း တွင်ကြောက်လန့်မှု၊ အရေးရှုံးနိမ့်မှုနှင့်ကစင့် ကလျားဖြစ်ပွားမှုများပေါ်ပေါက်ရာကာလ ပင်ဖြစ်၏။ အနန္တတန်ခိုးရှင်ထာဝရဘုရား ကလည်း ငါတို့အားထိုကာလနှင့်ကြုံတွေ့ စေတော်မူလေပြီ။ ငါတို့၏မြို့ရိုးများသည် အဖြိုခံရကြလေပြီ။ ကယ်မရန်လူတို့ အော်ဟစ်ကြသည့်အသံများသည်လည်း တောင်ကုန်းများတွင်ပဲ့တင်ထပ်လျက်နေ လေပြီ။
6. ဧလံပြည်မှမြင်းစီးသူရဲတို့သည် လေးမြား များကိုကိုင်ဆောင်လာကြ၏။ ကိရပြည်မှ စစ်သူရဲတို့ကလည်း ဒိုင်းလွှားများကို အသင့်ကိုင်ဆောင်ထားကြ၏။-
7. မြေသြဇာထက်သန်သည့်ယုဒချိုင့်ဝှမ်းများ သည် စစ်မြင်းရထားများနှင့်ပြည့်နှက်လျက် ရှိပြီးလျှင် မြင်းစီးသူရဲတို့သည်ယေရု ရှလင်မြို့တံခါးတွင်ရပ်လျက်နေကြ၏။-
8. ယုဒပြည်၏ခံတပ်ရှိသမျှတို့သည်ကား ပြိုပျက်၍သွားလေပြီ။ထိုအခါသင်၏လူတို့သည်လက်နက်တိုက် မှလက်နက်များကိုထုတ်ယူကြ၏။-
9. မြို့ရိုးတို့တွင်ပျက်စီးနေသည်နေရာများ ကိုပြင်ဆင်ရန်ကြည့်ရှုကြ၏။
10. မြို့ထဲရှိအိမ်များကိုရေတွက်ကာမြို့ရိုးများ ပြင်ဆင်ရန်ကျောက်တုံးများရရှိရေးအတွက် အိမ်အချို့ကိုဖြိုချကြ၏။-
11. ရေကန်ဟောင်းမှစီးဆင်းလာသည့်ရေတို့ကို မြို့တွင်း၌သိုလှောင်ထားနိုင်ရန် ရေလှောင်ကန် တစ်ခုကိုလည်းတူးကြ၏။ သို့ရာတွင်သူ တို့သည်ဤအမှုကိုရှေးမဆွကပင် စီမံ ထားတော်မူသောအရှင်၊ ဖြစ်ပျက်စေတော် မူသောအရှင်ဘုရားသခင်ကိုမူအလေး ဂရုမပြုကြ။