ဟေ​ရှာ​ယ 21:2-6 Common Language Bible (BCL)

2. ရက်​စက်​ကြမ်း​ကြုတ်​မှု​များ၊ သစ္စာ​ဖောက်​မှု နှင့်​သုတ်​သင်​ဖျက်​ဆီး​မှု​တို့​ကို​ဗျာ​ဒိတ် ရူ​ပါ​ရုံ​တွင်​ငါ​မြင်​ရ​ပြီ။အို ဧ​လံ​တပ်​မ​တော်​သား​တို့၊ တိုက်​ခိုက်​ကြ လော့။ အို မေ​ဒိ​တပ်​မ​တော်​သား​တို့၊ မြို့​များ ကို​ဝိုင်း​ရံ​ထား​ကြ​လော့။ ဘု​ရား​သ​ခင်​သည် ဗာ​ဗု​လုန်​မြို့​သား​တို့​ပေး​သည့်​ဆင်း​ရဲ​ဒုက္ခ ကို​ချုပ်​ငြိမ်း​စေ​တော်​မူ​လိမ့်​မည်။

3. ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​မြင်​ရ​ကြား​ရ​သော​အ​မှု အ​ရာ​များ​ကြောင့် ငါ​သည်​သား​ဖွား​သည့်​အ​မျိုး သ​မီး​သ​ဖွယ်​ထိတ်​လန့်​၍​ဝေ​ဒ​နာ​ခံ​ရ​၏။-

4. ငါ​၏​ဦး​ခေါင်း​သည်​ချာ​ချာ​လည်​လျက်​ငါ သည်​ကြောက်​စိတ်​ဖြင့်​တုန်​လှုပ်​၍​နေ​၏။ ငါ သည်​ညဥ့်​ဦး​ယံ​ကို​တမ်း​တ​လျက်​နေ​ခဲ့​၏။ သို့​ရာ​တွင်​ထို​အ​ချိန်​သည် ငါ့​အား​ထိတ်​လန့် မှု​ကို​ဖြစ်​စေ​သည်​မှ​တစ်​ပါး​အ​ဘယ်​သို့ မျှ​မ​ပြု။

5. ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​ည​စာ​စား​ပွဲ​ကြီး​တစ် ခု​အ​သင့်​ပြင်​ဆင်​ထား​သည်​ကို​ငါ​မြင်​ရ​၏။ ဧည့်​သည်​တို့​ထိုင်​ရန်​အ​တွက်​ကော်​ဇော​များ ကို​ခင်း​ထား​လေ​သည်။ သူ​တို့​သည်​စား​သောက် လျက်​နေ​ကြ​စဉ်``တပ်​မှူး​တို့၊ သင်​တို့​၏​ဒိုင်း​လွှား များ​ကို​အ​သင့်​ပြင်​ကြ​လော့'' ဟူ​သော​အ​မိန့် တော်​တစ်​ရပ်​ရုတ်​တ​ရက်​ထွက်​ပေါ်​၍​လာ​၏။

6. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``သင် သွား​၍​ကင်း​စောင့်​တစ်​ဦး​ကို​ချ​ထား​ပြီး လျှင် သူ​တွေ့​မြင်​ရ​သည့်​အ​ရာ​များ​ကို အ​စီ​ရင်​ခံ​ရန်​မှာ​ကြား​လော့။-

ဟေ​ရှာ​ယ 21