ဟေ​ရှာ​ယ 19:14-20 Common Language Bible (BCL)

14. ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​မ​ရှင်း​မ​လင်း သည့်​အ​ကြံ​ဉာဏ်​များ​ကို​ပေး​စေ​တော်​မူ​သ​ဖြင့် အီ​ဂျစ်​ပြည်​သူ​တို့​သည်​အ​မှား​မှား​အ​ယွင်း ယွင်း​ဖြစ်​လျက်၊ မိ​မိ​၏​အံ​ဖတ်​ပေါ်​တွင်​ပြန်​လဲ သော​သေ​သောက်​ကြူး​သူ​ကဲ့​သို့​ယိမ်း​ယိုင်​၍ နေ​ကြ​တော့​၏။-

15. ချမ်း​သာ​သူ​ဖြစ်​စေ၊ ဆင်း​ရဲ​သူ​ဖြစ်​စေ၊ ကြီး မြတ်​သူ​ဖြစ်​စေ၊ ယုတ်​ညံ့​သူ​ဖြစ်​စေ၊ အ​ဘယ် သူ​မျှ​မိ​မိ​တို့​အီ​ဂျစ်​ပြည်​ကို​အ​ကူ အ​ညီ​ပေး​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်။

16. အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​မိန်း​မ​ကဲ့​သို့ သ​ဝန်​ကြောင်​ကြ​မည့်​အ​ချိန်​ကာ​လ ကျ​ရောက် လာ​လိမ့်​မည်။ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ရန် လက်​တော်​ကို​ချိန်​ရွယ်​လျက်​ထား​တော်​မူ သည်​ကို​တွေ့​မြင်​ကြ​သော​အ​ခါ၊ သူ​တို့ သည်​ကြောက်​လန့်​တုန်​လှုပ်​ကြ​လိမ့်​မည်။-

17. အီ​ဂျစ်​ပြည်​သူ​တို့​သည်​မိ​မိ​တို့​အ​တွက် အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​ပြင်​ဆင်​ထား​တော် မူ​သည့်​ကံ​ကြမ္မာ​ကို​ပြန်​လည်​သ​တိ​ရ​သည့် အ​ခါ​တိုင်း​ယု​ဒ​ပြည်​ကို​ကြောက်​ကြ​လိမ့်​မည်။

18. ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ အီ​ဂျစ်​ပြည်​မြို့​ကြီး​ငါး​မြို့​တွင်​ဟေ​ဗြဲ ဘာ​သာ​စ​ကား​ကို​သုံး​စွဲ​ကြ​လိမ့်​မည်။ ထို မြို့​များ​ရှိ​လူ​တို့​သည်​ကျိန်​ဆို​၍​ထာ​ဝ​ရ ဘု​ရား​အား​သစ္စာ​က​တိ​ပြု​ကြ​လိမ့်​မည်။ ထို မြို့​တို့​အ​နက်​မှ​မြို့​တစ်​မြို့​သည်​နေ​မင်း​၏ မြို့​ဟု​နာ​မည်​တွင်​လိမ့်​မည်။

19. ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ အီ​ဂျစ်​ပြည်​တွင်​ထာ​ဝ​ရ​ဘု​ရား​အ​တွက် ယဇ်​ပလ္လင်​တစ်​ခု​ကို​တည်​ထား​လိမ့်​မည်။ ကိုယ် တော်​အား​အ​နု​မော​ဒ​နာ​ပြု​၍​စိုက်​ထူ​ထား သည့်​ကျောက်​တိုင်​တစ်​ခု​သည်​နယ်​စပ်​တွင်​ရှိ လိမ့်​မည်။-

20. ထို​အ​ရာ​တို့​သည်​အီ​ဂျစ်​ပြည်​တွင် အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​ရှိ​တော်​မူ​ကြောင်း​သက်​သေ ခံ​အ​မှတ်​လက္ခ​ဏာ​များ​ဖြစ်​လိမ့်​မည်။ ပြည်​သူ​တို့ သည်​ဖိ​နှိပ်​ချုပ်​ချယ်​ခြင်း​ကို​ခံ​ရ​၍ ထာ​ဝ​ရ ဘု​ရား​ထံ​တော်​သို့​ကူ​မ​တော်​မူ​ရန်​ဟစ်​အော် ကြ​သော​အ​ခါ ကိုယ်​တော်​သည်​သူ​တို့​အား ကယ်​တင်​မည့်​သူ​တစ်​ဦး​ကို​စေ​လွှတ်​တော် မူ​လိမ့်​မည်။-

ဟေ​ရှာ​ယ 19