ဟေ​ရှာ​ယ 17:5-8 Common Language Bible (BCL)

5. ဣ​သ​ရေ​လ​ပြည်​သည်​အ​သီး​အ​နှံ​များ​ရိတ် သိမ်း​ထား​သည့်​လယ်​ကွက်​ကဲ့​သို့​လည်း​ကောင်း၊ အ​ကုန်​အ​စင်​ကောက်​သင်း​ကောက်​ထား​သည့် ရေ​ဖိမ်​ချိုင့်​ဝှမ်း​မှ လယ်​ယာ​ကဲ့​သို့​လည်း ကောင်း​ပြုတ်​ပြုတ်​ပြုန်း​၍​နေ​ပေ​လိမ့်​မည်။-

6. လူ​အ​နည်း​ငယ်​သာ​လျှင်​အ​သက်​မ​သေ​ဘဲ ကျန်​ရှိ​ခါ ဣ​သ​ရေ​လ​သည်​လည်း​အ​သီး​များ ကို​အ​ကုန်​အ​စင်​ဆွတ်​ခူး​ပြီး​နောက် အ​ပင် ထိပ်​ဖျား​တွင်​နှစ်​လုံး​သုံး​လုံး​နှင့်​အ​ကိုင်း​များ တွင် လေး​ငါး​လုံး​မျှ​သာ​ကျန်​ရှိ​သည့်​သံ​လွင် ပင်​နှင့်​တူ​လိမ့်​မည်။ ဤ​ကား​အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

7. ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ၊ လူ​တို့​သည်​မိ​မိ​တို့​အား​ကူ​မ​တော်​မူ​ရန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​တော် မူ​သော​ဘု​ရား​သ​ခင်​တည်း​ဟူ​သော​ဖန်​ဆင်း တော်​မူ​ရှင်​ကို​ဖူး​မြော်​ကြ​လိမ့်​မည်။-

8. သူ​တို့​သည်​မိ​မိ​တို့​ကိုယ်​တိုင်​ပြု​လုပ်​ထား​သည့် ယဇ်​ပလ္လင်​များ​ကို​သော်​လည်း​ကောင်း၊ အာ​ရှ​ရ နတ်​သ​မီး​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန် မိ​မိ​လက် စွမ်း​လက်​စ​တံ​ခွန်​တိုင်​များ​နှင့်​နံ့​သာ​ပေါင်း မီး​ရှို့​ရာ​ယဇ်​ပလ္လင်​များ​ကို​လည်း​ကောင်း ယုံ ကြည်​ကိုး​စား​ကြ​တော့​မည်​မ​ဟုတ်။

ဟေ​ရှာ​ယ 17