ဟေ​ရှာ​ယ 10:20-22 Common Language Bible (BCL)

20. အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နေ​ကြ​သည့်​ဣ​သ ရေ​လ​ပြည်​သူ​တို့​သည် မိ​မိ​တို့​အား​လုံး​နည်း ပါး​သုတ်​သင်​ဖျက်​ဆီး​ခဲ့​သည့်​လူ​မျိုး​ကို အား မ​ကိုး​တော့​မည့်​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ လိမ့်​မည်။ သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​အ​မှန်​တ​ကယ် ယုံ​ကြည်​ကိုး​စား​ကြ​လိမ့်​မည်။-

21. ဣ​သ​ရေ​လ​ပြည်​သူ​အ​ချို့​တို့​သည်​လည်း မိ​မိ​တို့​၏​တန်​ခိုး​တော်​ရှင်​ဘု​ရား​သ​ခင် ၏​အ​ထံ​တော်​သို့​ပြန်​လာ​ကြ​လိမ့်​မည်။-

22. ယ​ခု​အ​ခါ​၌​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် သ​မုဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ​များ​သော် လည်း အ​ချို့​သာ​လျှင်​အ​ထံ​တော်​သို့​ပြန် လာ​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​သူ​တို့ အား​သုတ်​သင်​ဖျက်​ဆီး​ပစ်​ရန် စီ​မံ​ထား​ပြီး ဖြစ်​ပေ​သည်။ သူ​တို့​သည်​လည်း​ယင်း​သို့​သုတ် သင်​ဖျက်​ဆီး​ခြင်း​ကို​လုံး​ဝ​ခံ​ထိုက်​ကြ သ​တည်း။-

ဟေ​ရှာ​ယ 10