6. မေလခိဇေဒက်သည်လေဝိအနွယ်ဝင်မဟုတ် သော်လည်း အာဗြဟံထံမှဆယ်ဖို့တစ်ဖို့အလှူ ကိုခံယူလျက် ဘုရားသခင်၏ကတိတော် များရရှိထားသူအာဗြဟံကိုကောင်းချီး ပေးခဲ့၏။-
7. သိမ်ငယ်သူသည်ကြီးမြတ်သူထံမှ ကောင်းချီး မင်္ဂလာခံယူရမြဲဖြစ်သည်ကိုငြင်းဆိုဖွယ် မရှိ။-
8. ထိုမှတစ်ပါးလည်းယဇ်ပုရောဟိတ်များ အနေဖြင့် ဆယ်ဖို့တစ်ဖို့အလှူကိုခံယူခြင်း သည်သေမျိုးဖြစ်သောလူသားတို့ကခံယူ ကြခြင်းဖြစ်၏။ မေလခိဇေဒက်မူကားကျမ်း စာတော်တွင်ဖော်ပြသည်နှင့်အညီ အသက် ရှင်သူအနေဖြင့်ဆယ်ဖို့တစ်ဖို့အလှူကို ခံယူခြင်းဖြစ်ပေသည်။-
9. ဆယ်ဖို့တစ်ဖို့အလှူကိုခံယူသူလေဝိသည် အာဗြဟံမှတစ်ဆင့် မေလခိဇေဒက်အား ဆယ်ဖို့တစ်ဖို့ပေးလှူသည်ဟုပင်ဆိုနိုင်၏။-
10. အဘယ်ကြောင့်ဆိုသော်အာဗြဟံသည် မေလခိ ဇေဒက်နှင့်တွေ့ဆုံစဉ်အခါကလေဝိသည် မမွေး ဖွားသေးဘဲ အာဗြဟံ၏ကိုယ်၌ရှိနေသည်ဟု ဆိုနိုင်သောကြောင့်ဖြစ်သည်။
11. ဣသရေလအမျိုးသားတို့၏ပညတ်တရား ကိုပေးအပ်ရာ၌ လေဝိအနွယ်ဝင်ယဇ်ပုရော ဟိတ်များကိုအခြေခံ၍ပေးအပ်ခြင်းဖြစ်၏။ အကယ်၍လေဝိအနွယ်ဝင်ယဇ်ပုရောဟိတ် တို့သည်ပြီးပြည့်စုံလင်အောင်ဆောင်ရွက်နိုင် ကြပါမူ အာရုန်၏အရိုက်အရာအစားမေ လခိဇေဒက်၏အရိုက်အရာကိုဆက်ခံသူ အခြားယဇ်ပုရောဟိတ်တစ်ပါးပေါ်ထွန်း လာရန်မလိုပေ။-