4. ငါတို့လူမျိုးတို့၏အဖအာဗြဟံသည်စစ် ပွဲမှ မိမိသိမ်းယူရရှိခဲ့သည့်ဥစ္စာပစ္စည်းများ ၏ဆယ်ပုံတစ်ပုံကို မေလခိဇေဒက်အားပေး လှူခဲ့သည်ဖြစ်ရာယင်းသို့ပေးလှူခြင်းခံရ သူသည်အဘယ်မျှကြီးမြတ်မည်ကိုဆင် ခြင်ကြလော့။-
5. လေဝိအနွယ်ဝင်အနက်ယဇ်ပုရောဟိတ် အရာကိုရရှိကြသောသူတို့သည် အာဗြဟံ မှဆင်းသက်လာသူ မိမိတို့၏သားချင်းများ ဖြစ်သည့်ဣသရေလအမျိုးသားတို့မှ ဆယ်ဖို့ တစ်ဖို့သောအလှူကို ပညတ်တရားအရ ကောက်ယူခွင့်ရှိကြပေသည်။-
6. မေလခိဇေဒက်သည်လေဝိအနွယ်ဝင်မဟုတ် သော်လည်း အာဗြဟံထံမှဆယ်ဖို့တစ်ဖို့အလှူ ကိုခံယူလျက် ဘုရားသခင်၏ကတိတော် များရရှိထားသူအာဗြဟံကိုကောင်းချီး ပေးခဲ့၏။-
7. သိမ်ငယ်သူသည်ကြီးမြတ်သူထံမှ ကောင်းချီး မင်္ဂလာခံယူရမြဲဖြစ်သည်ကိုငြင်းဆိုဖွယ် မရှိ။-
8. ထိုမှတစ်ပါးလည်းယဇ်ပုရောဟိတ်များ အနေဖြင့် ဆယ်ဖို့တစ်ဖို့အလှူကိုခံယူခြင်း သည်သေမျိုးဖြစ်သောလူသားတို့ကခံယူ ကြခြင်းဖြစ်၏။ မေလခိဇေဒက်မူကားကျမ်း စာတော်တွင်ဖော်ပြသည်နှင့်အညီ အသက် ရှင်သူအနေဖြင့်ဆယ်ဖို့တစ်ဖို့အလှူကို ခံယူခြင်းဖြစ်ပေသည်။-
9. ဆယ်ဖို့တစ်ဖို့အလှူကိုခံယူသူလေဝိသည် အာဗြဟံမှတစ်ဆင့် မေလခိဇေဒက်အား ဆယ်ဖို့တစ်ဖို့ပေးလှူသည်ဟုပင်ဆိုနိုင်၏။-
10. အဘယ်ကြောင့်ဆိုသော်အာဗြဟံသည် မေလခိ ဇေဒက်နှင့်တွေ့ဆုံစဉ်အခါကလေဝိသည် မမွေး ဖွားသေးဘဲ အာဗြဟံ၏ကိုယ်၌ရှိနေသည်ဟု ဆိုနိုင်သောကြောင့်ဖြစ်သည်။
11. ဣသရေလအမျိုးသားတို့၏ပညတ်တရား ကိုပေးအပ်ရာ၌ လေဝိအနွယ်ဝင်ယဇ်ပုရော ဟိတ်များကိုအခြေခံ၍ပေးအပ်ခြင်းဖြစ်၏။ အကယ်၍လေဝိအနွယ်ဝင်ယဇ်ပုရောဟိတ် တို့သည်ပြီးပြည့်စုံလင်အောင်ဆောင်ရွက်နိုင် ကြပါမူ အာရုန်၏အရိုက်အရာအစားမေ လခိဇေဒက်၏အရိုက်အရာကိုဆက်ခံသူ အခြားယဇ်ပုရောဟိတ်တစ်ပါးပေါ်ထွန်း လာရန်မလိုပေ။-
12. အဘယ်ကြောင့်ဆိုသော်ယဇ်ပုရောဟိတ်မျိုးရိုး ကိုပြောင်းလဲလိုက်သောအခါ တရားကိုလည်း ပြောင်းလဲရန်လိုအပ်၍လာသောကြောင့်ဖြစ် သည်။-
13. ဤအကြောင်းအရာများက ဖော်ပြနေသည့် ငါတို့၏သခင်ဘုရားကား လေဝိအနွယ်ဝင် မဟုတ်။ အခြားတစ်ပါးသောအမျိုးအနွယ် မှဆင်းသက်တော်မူသောသူဖြစ်ပေသည်။ ထို အမျိုးအနွယ်ဝင်တစ်ယောက်မျှယဇ်ပုရော ဟိတ်အဖြစ်မဆောင်ရွက်ခဲ့။-