ဟေ​ဗြဲ 2:16-18 Common Language Bible (BCL)

16. ကိုယ်​တော်​သည်​ကောင်း​ကင်​တ​မန်​များ​အား ကူ​ညီ​မ​စ​တော်​မူ​သည်​မ​ဟုတ်။ ကျမ်း​စာ တော်​တွင်​ဖော်​ပြ​ထား​သည်​အ​တိုင်း အာ​ဗြ​ဟံ ၏​သား​မြေး​တို့​အား​ကူ​ညီ​မ​စ​တော်​မူ ကြောင်း​ကို​သိ​သာ​ထင်​ရှား​ပေ​သည်။-

17. ထို့​ကြောင့်​ကိုယ်​တော်​သည်​လူ​တို့​၏​အ​ပြစ်​များ ကို​ဖြေ​လွှတ်​အံ့​သော​ငှာ​က​ရု​ဏာ၊ သစ္စာ​နှင့် ပြည့်​ဝ​သည့်​ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​နိုင် ရန် အ​ရာ​ရာ​၌​မိ​မိ​၏​ညီ​အစ်​ကို​များ​နှင့် တူ​ညီ​ရ​ပေ​သည်။-

18. ကိုယ်​တော်​သည်​မိ​မိ​ကိုယ်​တိုင်​ဆင်း​ရဲ​ဒုက္ခ​နှင့် စုံ​စမ်း​သွေး​ဆောင်​ခြင်း​ကို​ခံ​ခဲ့​ရ​သ​ဖြင့် စုံ စမ်း​သွေး​ဆောင်​ခြင်း​ခံ​ရ​သူ​တို့​အား​ကူ​ညီ မ​စ​ခြင်း​ငှာ​တတ်​နိုင်​တော်​မူ​သည်။

ဟေ​ဗြဲ 2