ဟေ​ဗြဲ 2:10-16 Common Language Bible (BCL)

10. ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း​ပြု​ပြင် ထိန်း​သိမ်း​စောင့်​ရှောက်​တော်​မူ​သော​ဘု​ရား သ​ခင်​သည် မိ​မိ​၏​သား​အ​မြောက်​အ​မြား တို့​အား​ဘုန်း​အ​သ​ရေ​တော်​ဝင်​စား​ခွင့်​ပေး တော်​မူ​နိုင်​ရန် ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​စေ​ခြင်း​အား ဖြင့် သ​ခင်​ယေ​ရှု​အား​ပြည့်​ဝ​စုံ​လင်​စေ​တော် မူ​၏။ ဤ​သို့​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သည်​မှာ လျော်​ကန်​သင့်​မြတ်​လှ​ပေ​သည်။ အ​ဘယ် ကြောင့်​ဆို​သော်​ကယ်​တင်​ခြင်း​ရ​ရှိ​ကြ​စေ ရန် ထို​သူ​တို့​အား​ပို့​ဆောင်​သူ​မှာ​သ​ခင် ယေ​ရှု​ပင်​ဖြစ်​သော​ကြောင့်​တည်း။

11. သ​ခင်​ယေ​ရှု​သည်​လူ​တို့​အား​အ​ပြစ်​များ​မှ သန့်​စင်​စေ​တော်​မူ​၏။ ကိုယ်​တော်​နှင့်​ကိုယ်​တော် သန့်​စင်​စေ​တော်​မူ​သော​သူ​တို့​တွင် အ​ဖ​တစ်​ဦး တည်း​ရှိ​သ​ဖြင့် ကိုယ်​တော်​သည်​ထို​သူ​တို့​အား မိ​မိ​၏​ညီ​များ​ဟု​ခေါ်​ဆို​ရန်​ရှက်​တော်​မ​မူ။-

12. သ​ခင်​ယေ​ရှု​က၊``အ​ကျွန်ုပ်​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော အ​မှု​ကိုအ​ကျွန်ုပ်​၏​ညီ​အစ်​ကို​တို့​အား​ပြော​ကြား​ပါ​မည်။သူ​တို့​၏​အ​စည်း​အ​ဝေး​တွင်​ကိုယ်​တော်​၏ ဂုဏ်​တော်​ကို​ချီး​ကူး​မည်''ဟု​ဘု​ရား​သ​ခင်​အား​မိန့်​တော်​မူ​၏။-

13. တစ်​ဖန်​တုံ​ကိုယ်​တော်​က``ငါ​သည်​ဘု​ရား​သ​ခင် ကို​ကိုး​စား​မည်'' ဟူ​၍​လည်း​ကောင်း၊ ထို​နောက် တစ်​ဖန်``ငါ​သည်​မိ​မိ​အား ဘု​ရား​သ​ခင်​ပေး အပ်​ထား​သည့်​သား​သ​မီး​များ​နှင့်​အ​တူ ရှိ​၏'' ဟူ​၍​လည်း​ကောင်း​မိန့်​တော်​မူ​ပေ​သည်။

14. ထို​သား​သ​မီး​များ​သည်​အ​သွေး​အ​သား​ရှိ သူ​များ​ဖြစ်​ကြ​သ​ဖြင့် သ​ခင်​ယေ​ရှု​သည်​ထို သူ​တို့​နည်း​တူ​အ​သွေး​အ​သား​ရှိ​သူ​အ​ဖြစ် ကို​ခံ​ယူ​တော်​မူ​၏။ ယင်း​သို့​ခံ​ယူ​တော်​မူ​ခြင်း မှာ သေ​ခြင်း​ကို​အ​စိုး​ရ​သည့်​မာရ်​နတ်​၏ တန်​ခိုး​ကို​ချိုး​နှိမ်​ပစ်​ရန်​ပင်​ဖြစ်​၏။-

15. ဤ​နည်း​အား​ဖြင့်​သေ​ဘေး​ကို​ကြောက်​သ​ဖြင့် တစ်​သက်​လုံး​ကျွန်​ခံ​လျက်​နေ​ကြ​ရ​သော သူ​တို့​ကို​လွတ်​မြောက်​စေ​တော်​မူ​ပေ​သည်။-

16. ကိုယ်​တော်​သည်​ကောင်း​ကင်​တ​မန်​များ​အား ကူ​ညီ​မ​စ​တော်​မူ​သည်​မ​ဟုတ်။ ကျမ်း​စာ တော်​တွင်​ဖော်​ပြ​ထား​သည်​အ​တိုင်း အာ​ဗြ​ဟံ ၏​သား​မြေး​တို့​အား​ကူ​ညီ​မ​စ​တော်​မူ ကြောင်း​ကို​သိ​သာ​ထင်​ရှား​ပေ​သည်။-

ဟေ​ဗြဲ 2