5. ထို့ကြောင့်ခရစ်တော်သည် ဤလောကသို့ကြွ လာတော်မူသောအခါ၌ဘုရားသခင်အား၊``ကိုယ်တော်သည်ယဇ်နှင့်ပူဇော်သကာကို အလိုရှိတော်မမူပါ။သို့ရာတွင်အကျွန်ုပ်အတွက်ကိုယ်ခန္ဓာကို ပြင်ဆင်ထားတော်မူပါပြီ။
6. မီးရှို့ရာယဇ်နှင့်အပြစ်ဖြေရာပူဇော်သကာ တို့ကို ကိုယ်တော်နှစ်သက်တော်မမူပါ။
7. သို့ဖြစ်၍ပညတ်ကျမ်းတွင်အကျွန်ုပ်အကြောင်းကို ရေးသားဖော်ပြထားသည်နှင့်အညီ၊`အို ဘုရားသခင်၊အကျွန်ုပ်သည်အလိုတော်ကိုဆောင်ရွက်ရန်ရောက်လာပါပြီ' ဟုအကျွန်ုပ်ဝန်ခံ ပါ၏''ဟုလျှောက်ထားတော်မူလေသည်။-
8. ကိုယ်တော်ကမီးရှို့ရာယဇ်၊ အပြစ်ဖြေရာယဇ် အစရှိသောယဇ်များနှင့်ပူဇော်သကာများသည် ပညတ်တရားအရပြုအပ်သည့်ဝတ်များပင် ဖြစ်သော်လည်း ထိုအရာများကိုဘုရားသခင် အလိုရှိတော်မမူကြောင်း၊ အားရနှစ်သက် တော်မမူကြောင်းဦးစွာပထမဖော်ပြ၏။-
9. ထိုနောက်``အို ဘုရားသခင်၊ အကျွန်ုပ်သည်အလို တော်ကိုဆောင်ရွက်ရန်ရောက်ရှိလာပါပြီ'' ဟု လျှောက်ထား၏။ ထိုကြောင့်ဘုရားသခင်သည် ယခင်တင်လှူပူဇော်မှုအပေါင်းကိုပယ်ဖျက်၍ ခရစ်တော်၏တင်လှူပူဇော်မှုဖြင့်အစားထိုး တော်မူသည်။-