3-4. ယခုမှာနွားသွေး၊ ဆိတ်သွေးတို့သည်အဘယ် အခါ၌မျှ အပြစ်ဒုစရိုက်များကိုဖယ်ရှား ၍မပေးနိုင်သဖြင့် ယင်းသို့ယဇ်ပူဇော်ခြင်း သည်လူတို့အားနှစ်စဉ်နှစ်တိုင်း မိမိတို့၏ အပြစ်များကိုသာလျှင်သတိရစေသည်။
23. ငါတို့သည်ဘုရားသခင်၏ကတိတော်ကို စိတ်ချယုံကြည်နိုင်သည်ဖြစ်၍ မိမိတို့ဝန်ခံ သောမျှော်လင့်ခြင်းကိုစွဲမြဲစွာဆုပ်ကိုင်ထား ကြကုန်အံ့။-
24. ငါတို့သည်တစ်ယောက်ကိုတစ်ယောက်အလေး ဂရုပြုလျက် ကူညီယိုင်းပင်းလျက်မေတ္တာထား လျက်ကျေးဇူးပြုလျက်နေကြကုန်အံ့။-
25. အချင်းချင်းတွေ့ဆုံဝတ်ပြုသည့်အလေ့အထ ကို လူအချို့တို့စွန့်လွှတ်သကဲ့သို့ငါတို့သည် မပြုဘဲနေကြစို့။ တရားစီရင်တော်မူရာ နေ့ရက်နီးကပ်လာသည်ကိုထောက်သဖြင့် ငါတို့သည်ပို၍တစ်ယောက်ကိုတစ်ယောက် အားပေးကြကုန်အံ့။
26. ငါတို့သည်သမ္မာတရားကိုသိရှိကြပြီးမှ တမင်သက်သက်ဆက်လက်အပြစ်ကူးနေ ကြမည်ဆိုပါမူ၊ ငါတို့၏အပြစ်များ အတွက်ပူဇော်ရန်ယဇ်ရှိတော့မည်မဟုတ်။-
27. ငါတို့သည်တရားစီရင်တော်မူခြင်းကိုလည်း ကောင်း၊ ဘုရားသခင်ကိုအတိုက်အခံပြုသူ တို့အားကျွမ်းလောင်စေမည့်အမျက်တော်မီး ကိုလည်းကောင်းကြောက်ရွံ့တုန်လှုပ်လျက်စောင့် မျှော်နေကြရန်သာရှိတော့၏။-
28. မောရှေ၏ပညတ်တရားကိုမစောင့်ထိန်းသူ ယုဒအမျိုးသားမှန်သမျှသည် အသိသက် သေနှစ်ဦးသုံးဦး၏ထွက်ဆိုချက်အရ အပြစ်ရှိကြောင်းတွေ့ရှိရပါမူ၊ သနား ညှာတာမှုမရှိဘဲသေဒဏ်ပေးခြင်းကို ခံကြရ၏။-
29. ဘုရားသခင်၏သားတော်ကိုရှုတ်ချ၍ မိမိ အားအပြစ်မှသန့်စင်စေသည့်ပဋိညာဉ် တရားဆိုင်ရာသွေးတော်ကိုမထီမဲ့မြင် ပြုလျက် ကျေးဇူးတော်ကိုပေးသည့်ဝိညာဉ် တော်ကိုစော်ကားသောသူမူကား အဘယ်မျှ ကြီးလေးသောအပြစ်ဒဏ်ခံရမည်ကို စဉ်းစား၍ကြည့်ကြလော့။-
30. ``ငါသည်လက်စားချေမည်၊ ငါသည်ဆပ်ပေး မည်'' ဟူ၍လည်းကောင်း``ထာဝရဘုရားသည် မိမိ၏လူစုတော်အားတရားစီရင်တော်မူ မည်'' ဟူ၍လည်းကောင်း မိန့်တော်မူသောအရှင် သည်မည်သူဖြစ်သည်ကိုငါတို့သိကြ၏။-
31. အသက်ရှင်တော်မူသောဘုရားသခင်၏ လက်တော်သို့ကျရောက်ရခြင်းသည် ကြောက် မက်ဖွယ်ကောင်းလှပါသည်တကား။