1. ယုဒပညတ်တရားသည်စစ်မှန်သည့်အရာ များ၏ တိကျမှန်ကန်သောပုံတူမဟုတ်ပေ။ သက်ရောက်လတ္တံ့သောကောင်းကျိုးချမ်းသာများ ၏အရိပ်အရောင်မျှကိုသာဖော်ပြပေသည်။ ပညတ်တရားအရနှစ်စဉ်နှစ်တိုင်းယဇ်ကို ပူဇော်ကြရ၏။ သို့ဖြစ်၍ပညတ်တရားသည် ဘုရားသခင်ထံတော်သို့ချဉ်းကပ်သူတို့အား အဘယ်သို့လျှင်ပြည့်ဝစုံလင်သူများဖြစ် လာစေနိုင်ပါမည်နည်း။-
10. ယေရှုခရစ်သည်ဘုရားသခင်၏အလိုတော် ကိုလိုက်၍ မိမိကိုယ်ခန္ဓာကိုတစ်ခါတည်း အပြီးအပိုင်တင်လှူပူဇော်တော်မူသဖြင့် ငါတို့အပေါင်းသည်သန့်စင်မှုကိုရရှိကြ၏။
11. ယုဒယဇ်ပုရောဟိတ်သည်နေ့စဉ်နေ့တိုင်း မိမိ ၏ဝတ္တရားကိုရပ်၍ ဆောင်ရွက်လျက်အဘယ် အခါ၌မျှ အပြစ်ဖြေနိုင်စွမ်းမရှိသည့်ယဇ် ကိုအဖန်တလဲလဲပူဇော်ရ၏။-
12. သို့သော်ခရစ်တော်မူကားအပြစ်များကို ဖြေရန် အခါခပ်သိမ်းအတွက်ယဇ်တစ်ခု တည်းကိုပူဇော်တော်မူ၏။ ထို့နောက်ဘုရား သခင်၏လက်ယာတော်ဘက်တွင်ထိုင်တော် မူပြီးလျှင်၊-
13. ဘုရားသခင်သည်မိမိ၏ခြေဖဝါးတော် အောက်သို့ရန်သူများရောက်ရှိလာစေတော်မူ သည်တိုင်အောင်စောင့်ဆိုင်းလျက်နေတော်မူ၏။-
14. ကိုယ်တော်သည်မိမိကိုယ်ကိုတစ်ကြိမ်တည်း ပူဇော်ခြင်းအားဖြင့် အပြစ်မှသန့်စင်လာ သူတို့အားထာဝစဉ်အပြစ်ဆိုဖွယ်မရှိ သူများဖြစ်လာစေတော်မူသတည်း။
15-16. သန့်ရှင်းသောဝိညာဉ်တော်ကလည်း၊``နောင်အခါသူတို့နှင့်ငါပြုမည့်ပဋိညာဉ် များမူကား၊ငါသည်သူတို့၏စိတ်နှလုံးထဲသို့ ငါ၏ပညတ်ကိုထည့်သွားမည်။သူတို့၏နှလုံးသားပေါ်တွင်ရေးထားမည်''ဟုဦးစွာပထမသက်သေခံတော်မူ၏။-