ဟော​ရှေ 2:7-10 Common Language Bible (BCL)

7. သူ​သည်​ချစ်​သူ​တို့​နောက်​သို့​ပြေး​လိုက်​သော် လည်း​မီ​မည်​မဟုတ်၊ ရှာ​သော်​လည်း​တွေ့​မည် မ​ဟုတ်၊ ထို​အ​ခါ​သူ​က``ငါ​သည်​ခင်​ပွန်း ဟောင်း​ထံ​သို့​ပြန်​မည်။ ငါ​သည်​ခင်​ပွန်း​သစ် နှင့်​ပေါင်း​သင်း​နေ​ထိုင်​ရ​သည်​ထက် ခင်​ပွန်း ဟောင်း​နှင့်​ပေါင်း​သင်း​နေ​ထိုင်​ရ​သည်​က ပို​၍​ကောင်း​သည်'' ဟု​ဆို​လိမ့်​မည်။

8. သူ​သည်​ဗာ​လ​ဘု​ရား​ကို​ဝတ်​ပြု​ရာ​၌ ပူ​ဇော်​ဆက်​သ​သော​ဂျုံ​စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ ရွှေ​နှင့်​ငွေ​တို့​ကို​ငါ့​ထံ​မှ​ရ​ရှိ သည်​ဟု​သူ​မ​သိ။-

9. သို့​ဖြစ်​၍​ငါ​သည်​ကောက်​ရိတ်​သိမ်း​ချိန်​တွင် ငါ​၏​ဂျုံ​စ​ပါး​နှင့်​စ​ပျစ်​ရည်​ကို​လည်း ကောင်း၊ သူ​ဝတ်​ရန်​ငါ​ပေး​ထား​သော​သိုး​မွေး နှင့်​ချည်​ကို​လည်း​ကောင်း​ပြန်​၍​သိမ်း​ယူ​မည်။-

10. ငါ​သည်​သူ​၏​ချစ်​သူ​များ​ရှေ့​တွင်​သူ​၏ အ​ဝတ်​ရှိ​သ​မျှ​ကို​ချွတ်​ပစ်​မည်။ ငါ​၏​လက် တွင်း​မှ​သူ့​အား​မည်​သူ​မျှ​မ​ကယ်​နိုင်။-

ဟော​ရှေ 2