4. သူ၏သားသမီးတို့သည်ပြည့်တန်ဆာမ ၏သားသမီးများဖြစ်လာကြသောကြောင့် ငါသည်သူတို့အားသနားကြင်နာမည် မဟုတ်။-
5. သူတို့မိခင်သည်သစ္စာမဲ့လျက်သူတို့အား အရှက်မဲ့စွာမွေးဖွားခဲ့၏။ သူကိုယ်တိုင် က``ငါ့အားစားစရာအစာရေစာ၊ သိုး မွေး၊ ချည်နှင့်သံလွင်ဆီ၊ စပျစ်ရည်ကို ပေးသောချစ်သူတို့နောက်သို့ငါလိုက် မည်'' ဟုဆို၏။
6. သို့ဖြစ်၍ငါသည်သူမထွက်နိုင်ရန်ဆူး စည်းရိုးခတ်၍ လမ်းရှာမတွေ့နိုင်ရန်တံ တိုင်းဖြင့်ကာရံထားမည်။-
7. သူသည်ချစ်သူတို့နောက်သို့ပြေးလိုက်သော် လည်းမီမည်မဟုတ်၊ ရှာသော်လည်းတွေ့မည် မဟုတ်၊ ထိုအခါသူက``ငါသည်ခင်ပွန်း ဟောင်းထံသို့ပြန်မည်။ ငါသည်ခင်ပွန်းသစ် နှင့်ပေါင်းသင်းနေထိုင်ရသည်ထက် ခင်ပွန်း ဟောင်းနှင့်ပေါင်းသင်းနေထိုင်ရသည်က ပို၍ကောင်းသည်'' ဟုဆိုလိမ့်မည်။
8. သူသည်ဗာလဘုရားကိုဝတ်ပြုရာ၌ ပူဇော်ဆက်သသောဂျုံစပါး၊ စပျစ်ရည်၊ သံလွင်ဆီ၊ ရွှေနှင့်ငွေတို့ကိုငါ့ထံမှရရှိ သည်ဟုသူမသိ။-