ဟော​ရှေ 13:5-9 Common Language Bible (BCL)

5. ငါ​သည်​ခြောက်​သွေ့​ပူ​ပြင်း​သော​သဲ​ကန္တာ ရ​အ​ရပ်​တွင်​သင်​တို့​ကို​စောင့်​ရှောက်​ခဲ့​၏။-

6. သို့​ရာ​တွင်​သင်​တို့​တွင်​သာ​ယာ​စို​ပြေ သော​ပြည်​သို့​ဝင်​ရောက်​၍​အ​စား​အ​စာ ဝ​စွာ​စား​ရ​သ​ဖြင့် ကျေ​နပ်​နှစ်​သိမ့်​လာ သော​အ​ခါ​မာ​န​ကြီး​၍​ငါ့​ကို​မေ့​လျော့ ကြ​၏။-

7. သို့​ဖြစ်​၍​ငါ​သည်​ခြင်္သေ့​ကဲ့​သို့​သင်​တို့ ကို​ရန်​မူ​မည်။ သင်​တို့​သွား​ရာ​လမ်း​တစ် လျှောက်​တွင်​ကျား​သစ်​ကဲ့​သို့​ချောင်း​မြောင်း မည်။-

8. သား​ပျောက်​သော​ဝက်​ဝံ​ကဲ့​သို့​သင်​တို့ ကို​ကိုက်​ဖြတ်​ဆုတ်​ဖြဲ​မည်။ ခြင်္သေ့​ကဲ့​သို့ တွေ့​ရာ​အ​ရပ်​၌​ကိုက်​စား​၍​တော​သား​ရဲ ကဲ့​သို့​အ​ပိုင်း​ပိုင်း​ဆုတ်​ဖြဲ​မည်။

9. ``ဣ​သ​ရေ​လ​ပြည်​သား​တို့၊ သင်​တို့​ကို​ငါ သုတ်​သင်​ဖျက်​ဆီး​ပစ်​မည်။ မည်​သူ​သင်​တို့ ကို​ကယ်​နိုင်​ဦး​မည်​နည်း။-

ဟော​ရှေ 13