ဟော​ရှေ 12:9-13 Common Language Bible (BCL)

9. သို့​ရာ​တွင်​သင်​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ် ဆောင်​ခဲ့​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ငါ ထာ​ဝ​ရ​ဘု​ရား​သည် သဲ​က​န္တာ​ရ​၌​သင် တို့​တဲ​များ​နှင့်​နေ​ထိုင်​သည်​နည်း​တူ ယ​ခု တစ်​ဖန်​တဲ​များ​၌​နေ​ထိုင်​စေ​ဦး​မည်။

10. ``ငါ​သည်​ပ​ရော​ဖက်​တို့​အား​ဗျာ​ဒိတ်​ပေး ၍ ရူ​ပါ​ရုံ​များ​စွာ​ကို​မြင်​စေ​ခဲ့​ပြီ။ သူ​တို့ အား​ဖြင့်​ငါ​၏​လူ​မျိုး​တော်​ကို​သ​တိ​ပေး ခဲ့​ပြီ။-

11. သို့​သော်​လည်း​သူ​တို့​သည်​ဂိ​လဒ်​ပြည်​တွင် ရုပ်​တု​များ​ကို​ကိုး​ကွယ်​ကြ​၏။ ထို​သို့​ကိုး ကွယ်​သူ​တို့​သည်​သေ​ရ​မည်။ ဂိ​လ​ဂါ​လ မြို့​တွင်​နွား​များ​ကို​ယဇ်​ပူ​ဇော်​ကြ​၍​ထို အ​ရပ်​၌​ရှိ​သော​ယဇ်​ပလ္လင်​တို့​သည်​ကွင်း ပြင်​များ​ထဲ​တွင်​ကျောက်​ပုံ​များ​အ​ဖြစ် ကျန်​ရစ်​လိမ့်​မည်။''

12. ငါ​တို့​၏​ဘိုး​ဘေး​ဖြစ်​သော​ယာ​ကုပ်​သည် အာ​ရံ​ပြည်​သို့​ထွက်​ပြေး​၍ မ​ယား​ရ​ရန် လူ​တစ်​ဦး​ထံ​၌​သိုး​ကျောင်း​ရ​၏။-

13. ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​ပြည် သား​တို့​အား​ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​ရန်​နှင့်​စောင့်​ရှောက်​ရန်​ပ​ရော​ဖက် တစ်​ပါး​ကို​စေ​လွှတ်​တော်​မူ​၏။-

ဟော​ရှေ 12