37. ဂါလကလည်း``ကြည့်လော့၊ တောင်ထိပ်ပေါ်မှလူ များဆင်းလာနေကြ၏။ လူတစ်စုသည်ဗေဒင် ဆရာသပိတ်ပင်မှလာသောလမ်းဖြင့်လာ နေကြ၏'' ဟုဆိုပြန်၏။
38. ထိုအခါဇေဗုလက``သင်၏လေလုံးကြီး သမျှသည် ယခုအဘယ်သို့ရောက်ရှိသွားပြီ နည်း။ ဤသူအဘိမလက်၏အစေကို ငါတို့ အဘယ်ကြောင့်ခံပါမည်နည်းဟုပြောဆိုခဲ့ သူမှာသင်ပင်မဟုတ်ပါလော။ ထိုသူတို့သည် ကား သင်မထီမဲ့မြင်ပြောဆိုခဲ့သူများဖြစ် သည်။ ယခုသင်ထွက်၍သူတို့အားတိုက်ခိုက် ပါလော့'' ဟုဆို၏။-
39. ဂါလသည်ရှေခင်မြို့သားတို့ကိုရှေ့ဆောင်၍ အဘိမလက်အားတိုက်လေသည်။ အဘိမလက် သည်ဂါလကိုလိုက်၍တိုက်၏။-
40. ထိုအခါဂါလထွက်ပြေးလေ၏။ မြို့တံခါး အနီး၌ပင်လျှင် လူအမြောက်အမြားထိခိုက် ဒဏ်ရာရရှိကြသည်။-
41. အဘိမလက်သည်အရုမမြို့၌နေ၏။ ဇေဗုလ သည်ဂါလနှင့်သူ၏ညီအစ်ကိုများအားရှေခင် မြို့မှနှင်ထုတ်လိုက်ရာ သူတို့သည်ထိုမြို့သို့ နောက်တစ်ဖန်လာရောက်နေထိုင်ခြင်းမပြုနိုင် တော့ချေ။
42. နောက်တစ်နေ့၌ရှေခင်မြို့သားတို့သည်လယ် တောသို့ထွက်ရန် အကြံအစည်ပြုလျက်ရှိ ကြောင်းကိုအဘိမလက်ကြားသိရသဖြင့်၊-