3. ထိုပြည်တွင်ကျန်ရှိနေသောလူမျိုးများမှာ ဖိလိတ္တိမြို့ငါးမြို့မှဖိလိတ္တိလူမျိုး၊ ခါနာန် လူမျိုးအားလုံး၊ ဇိဒုန်လူမျိုးနှင့်ဗာလဟေ ရမုန်တောင်မှဟာမတ်တောင်ကြားလမ်းအထိ တည်ရှိသောလေဗနုန်တောင်ပေါ်တွင်နေထိုင် သည့်ဟိဝိလူမျိုးတို့ဖြစ်ကြ၏။-
4. ဣသရေလအမျိုးသားတို့သည်မိမိတို့ ဘိုးဘေးများအားမောရှေမှတစ်ဆင့် ထာဝရ ဘုရားပေးတော်မူခဲ့သည့်ပညတ်တော်တို့ ကိုလိုက်နာကျင့်သုံးမည်မကျင့်သုံးမည်ကို သိရှိနိုင်စေရန်ကိုယ်တော်သည်အဆိုပါလူ မျိုးတို့ကိုအသုံးပြု၍စစ်ကြောတော်မူလို သတည်း။-
5. သို့ဖြစ်၍ဣသရေလအမျိုးသားတို့သည် ခါနာန်အမျိုးသားများ၊ ဟိတ္တိအမျိုးသား များ၊ အာမောရိအမျိုးသားများ၊ ဖေရဇိ အမျိုးသားများ၊ ဟိဝိအမျိုးသားများနှင့် ယေဗုသိအမျိုးသားများတို့နှင့်အတူနေ ထိုင်ရကြလေသည်။-
6. သူတို့သည်ထိုသူတို့၏သားသမီးများနှင့် ထိမ်းမြားစုံဖက်ကာသူတို့၏ဘုရားများ ကိုကိုးကွယ်ကြကုန်၏။
7. ဣသရေလအမျိုးသားတို့သည်မိမိတို့၏ ဘုရားသခင်ထာဝရဘုရားအားမေ့လျော့ သွားကြ၏။ ကိုယ်တော်ကိုပြစ်မှားကာဗာလ ဘုရားနှင့်အာရှရဘုရားတို့ကိုဝတ်ပြု ရှိခိုးကြ၏။-
8. သို့ဖြစ်၍ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့အားအမျက်တော်ထွက်သဖြင့် မေသောပေါတာမိဘုရင်ခုရှံရိရှသိမ်အား သူတို့ကိုနှိမ်နင်းအောင်မြင်စေတော်မူ၏။ သူ တို့သည်ရှစ်နှစ်ပတ်လုံးထိုဘုရင်၏လက် အောက်ခံဖြစ်ရကြလေသည်။-