သူ​ကြီး 21:7-13 Common Language Bible (BCL)

7. ကျန်​ရှိ​နေ​သေး​သော​ဗင်္ယာ​မိန်​အ​မျိုး​သား တို့​အ​တွက်​မ​ယား​များ​ရ​ရှိ​နိုင်​ရန် ငါ​တို့ အ​ဘယ်​သို့​ပြု​ကြ​ရ​ပါ​မည်​နည်း။ ငါ​တို့ သမီး​များ​ကို​သူ​တို့​နှင့်​ထိမ်း​မြား​ခြင်း​မ​ပြု ဟု​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ငါ​တို့ သစ္စာ​ဆို​ပြီး​လေ​ပြီ'' ဟု​ဆို​ကြ​၏။

8. မိ​ဇ​ပါ​မြို့​၌​စု​ရုံး​ရာ​သို့​ဣ​သ​ရေ​လ အ​မျိုး​အ​နွယ်​များ​ထဲ​မှ မ​လာ​မ​ရောက် သော​လူ​စု​ရှိ​ပါ​သ​လော​ဟု​စုံ​စမ်း​ကြ သော​အ​ခါ ဂိ​လဒ်​ပြည်​ယာ​ဗက်​မြို့​မှ​မည် သူ​တစ်​ဦး​တစ်​ယောက်​မျှ​မ​လာ​မ​ရောက် ကြောင်း​ကို​သိ​ရှိ​ရ​ကြ​လေ​သည်။-

9. တပ်​မ​တော်​မှ​နာ​မည်​ခေါ်​စာ​ရင်း​ကောက်​ယူ သော​အ​ခါ ဂိ​လဒ်​ပြည်​ယာ​ဗက်​မြို့​မှ​လူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ပါ​ဝင်​ပေ။-

12. ထို​သူ​တို့​သည်​ယာ​ဗက်​မြို့​သား​များ​အ​နက် အ​ပျို​စင်​လေး​ရာ​ကို​တွေ့​ရှိ​သ​ဖြင့် သူ​တို့ အား​ရှိ​လော​မြို့​တပ်​စ​ခန်း​သို့​ခေါ်​ဆောင် ခဲ့​ကြ​၏။ ရှိ​လော​မြို့​သည်​ခါ​နာန်​ပြည်​တွင် ရှိ​သ​တည်း။

13. ထို​နောက်​စု​ဝေး​သော​သူ​အ​ပေါင်း​တို့​က ရိမ္မုန် ကျောက်​ရှိ​ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​ထံ​သို့ စစ်​ပြေ​ငြိမ်း​ရန် ကမ်း​လှမ်း​ချက်​သ​တင်း​ကို ပေး​ပို့​လိုက်​ကြ​၏။-

သူ​ကြီး 21