သူ​ကြီး 20:8-15-16 Common Language Bible (BCL)

10. ဣ​သ​ရေ​လ​လူ​မျိုး​၏​ယောကျာ်း​ဆယ်​ပုံ​တစ် ပုံ​သည်​စစ်​တပ်​အ​တွက်​ရိက္ခာ​ပို့​ရ​မည်။ ကျန် သူ​တို့​သည်​ဂိဗာ​မြို့​သား​တို့​အား ဣ​သ​ရေ​လ လူ​မျိုး​တွင်​ကူး​လွန်​ခဲ့​သည့်​အ​ဋ္ဌမ္မ​အ​မှု အ​တွက်​ဒဏ်​ပေး​ရ​မည်'' ဟု​ပြန်​ပြော​ကြ​၏။-

11. သို့​ဖြစ်​၍​ဣ​သ​ရေ​လ​ပြည်​ရှိ​လူ​အ​ပေါင်း တို့​သည် ဂိ​ဗာ​မြို့​ကို​တိုက်​ခိုက်​ရန်​တစ်​ခု​တည်း သော​ရည်​ရွယ်​ချက်​ဖြင့်​စု​ဝေး​ကြ​ကုန်​၏။

12. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဗင်္ယာ​မိန် အ​နွယ်​ဝင်​တို့​၏​နယ်​မြေ​တစ်​လျှောက်​သို့ လူ​များ​ကို​စေ​လွှတ်​၍``သင်​တို့​ကူး​လွန်​ခဲ့ သည့်​အ​ဋ္ဌမ္မ​အ​မှု​ကား​အ​ဘယ်​သို့​နည်း။-

13. ဂိ​ဗာ​မြို့​၌​ရှိ​သော​အ​ဋ္ဌမ္မ​လူ​တို့​ကို​ငါ​တို့ သတ်​၍​ဣ​သ​ရေ​လ​လူ​မျိုး​မှ ဤ​ဆိုး​ညစ်​မှု ကို​ဖယ်​ရှား​ပစ်​နိုင်​ရန်​ယ​ခု​ငါ​တို့​လက်​သို့ ပေး​အပ်​ကြ​လော့'' ဟု​ပြော​ကြား​စေ​၏။ သို့ ရာ​တွင်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​သည်​အ​ခြား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​စ​ကား​ကို ဂ​ရု​မ​စိုက်​ဘဲ၊-

14. သူ​တို့​အား​တိုက်​ခိုက်​ရန်​ဗင်္ယာ​မိန်​မြို့​အ​ပေါင်း မှ​ထွက်​လာ​၍​ဂိ​ဗာ​မြို့​၌​စု​ရုံး​ကြ​၏။-

သူ​ကြီး 20