35. ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အား ဗင်္ယာမိန်တပ်အပေါ်တွင်အောင်ပွဲခံစေ တော်မူ၏။ ထိုနေ့၌ဣသရေလအမျိုးသား တို့သည်ရန်သူနှစ်သောင်းငါးထောင်တစ်ရာ ကိုလုပ်ကြံသတ်ဖြတ်လိုက်ကြ၏။-
36. ဗင်္ယာမိန်အမျိုးသားတို့သည်မိမိတို့အရေး ရှုံးနိမ့်ကြသည်ကိုသိမြင်လာကြ၏။ဣသရေလအမျိုးသားတို့၏ပင်မတပ်ကြီး သည် ဂိဗာမြို့ပတ်လည်တွင်ချထားသည့်တပ်ပုန်း ကိုအားကိုးကာဗင်္ယာမိန်အမျိုးသားတို့၏ ရှေ့မှဆုတ်ခွာသွားကြ၏။-
37. ထိုအခါတပ်ပုန်းသည်ဂိဗာမြို့ထဲသို့အလျင် အမြန်ဝင်ပြီးလျှင် လူဖြန့်၍ရှိသမျှသောမြို့ သူမြို့သားတို့အားလုပ်ကြံသတ်ဖြတ်ကြလေ သည်။-
38. ဣသရေလတပ်မကြီးသည်တပ်ပုန်းနှင့် အချက် ပြအမှတ်အသားတစ်ခုကိုစီစဉ်ထားခဲ့ကြ ၏။ မြို့ထဲမှမီးခိုးလုံးကြီးများတက်လာသည် ကိုမြင်သောအခါ၊-
39. စစ်မြေပြင်တွင်ရှိနေကြသောဣသရေလတပ် သားတို့သည်ထွက်ပြေးရာမှလှည့်၍ပြန်လာရန် ဖြစ်၏။ ယင်းသို့ထွက်ပြေးဆုတ်ခွာချိန်၌ဗင်္ယာမိန် အမျိုးသားတို့သည် ဣသရေလတပ်သားသုံး ဆယ်ကိုသတ်ဖြတ်ပြီးဖြစ်သည်။ သူတို့က``ယခု တစ်ကြိမ်လည်းရှေးနည်းတူပင်သူတို့အပေါ် ၌ငါတို့အနိုင်ရလေပြီ'' ဟုအချင်းချင်း ပြောဆိုကြ၏။-
40. ထိုအချိန်၌မီးခိုးလုံးကြီးတစ်ခုသည်မြို့ထဲ မှတက်စပြုပြီဖြစ်၍ အချက်ပြအမှတ်လက္ခ ဏာပေါ်လာလေသည်။ ဗင်္ယာမိန်အမျိုးသားတို့ သည်နောက်သို့လှည့်၍ကြည့်လိုက်သောအခါ မြို့တစ်မြို့လုံးမီးလျှံတောက်နေသည်ကိုမြင် သဖြင့်အံ့အားသင့်၍သွားကြ၏။-
41. ထိုအခါဣသရေလအမျိုးသားတို့သည်ပြန် ၍လှည့်လာကြ၏။ ဗင်္ယာမိန်အမျိုးသားတို့သည် မိမိတို့ဆုံးပါးပျက်စီးရတော့မည့်အဖြစ် ကိုသိရှိလာသဖြင့်ကြောက်လန့်တုန်လှုပ်လျက်၊-
42. ဣသရေလအမျိုးသားတို့ထံမှဆုတ်ခွာ၍ တောကန္တာရထဲသို့ထွက်ပြေးကြ၏။ သို့ရာတွင် မလွတ်မမြောက်နိုင်ကြ။ ဣသရေလပင်မတပ် ကြီးနှင့်မြို့ထဲမှထွက်လာသောတပ်ပုန်းတို့ ၏စပ်ကြားတွင် ပိတ်၍မိနေကြသဖြင့်ချေ မှုန်းခြင်းကိုခံရကြတော့၏။-
43. ဣသရေလအမျိုးသားတို့သည်ရန်သူတို့အား ဝိုင်းရံပြီးလျှင် ဂိဗာမြို့အရှေ့ဘက်သို့တိုင်အောင် မရပ်မနားလိုက်လံတိုက်ခိုက်သတ်ဖြတ်ကြ သဖြင့်၊-
44. ဗင်္ယာမိန်အမျိုးသားလက်ရွေးစင်တပ်သား တစ်သောင်းရှစ်ထောင်မျှကျဆုံးလေသည်။-
45. အခြားသူတို့သည်လှည့်၍တောကန္တာရဘက်သို့ ပြေးပြီးလျှင်ရိမ္မုန်ကျောက်သို့ရောက်ကြ၏။ လမ်း များပေါ်၌ထိုသူတို့အနက်လူငါးထောင်မျှ ကျဆုံးရလေသည်။ ဣသရေလအမျိုးသား တို့သည်ကျန်ရှိသေးသူတို့အား ဂိဒုံမြို့တိုင် အောင်ဆက်လက်လိုက်လံတိုက်ခိုက်၍လူနှစ် ထောင်ကိုသတ်ဖြတ်လိုက်လေသည်။-
46. ထိုနေ့၌ဗင်္ယာမိန်အမျိုးသားစုစုပေါင်းနှစ် သောင်းငါးထောင်မျှသေရကြ၏။ ထိုသူအား လုံးပင်သူရဲကောင်းများဖြစ်ကြသတည်း။