10. ဣသရေလလူမျိုး၏ယောကျာ်းဆယ်ပုံတစ် ပုံသည်စစ်တပ်အတွက်ရိက္ခာပို့ရမည်။ ကျန် သူတို့သည်ဂိဗာမြို့သားတို့အား ဣသရေလ လူမျိုးတွင်ကူးလွန်ခဲ့သည့်အဋ္ဌမ္မအမှု အတွက်ဒဏ်ပေးရမည်'' ဟုပြန်ပြောကြ၏။-
11. သို့ဖြစ်၍ဣသရေလပြည်ရှိလူအပေါင်း တို့သည် ဂိဗာမြို့ကိုတိုက်ခိုက်ရန်တစ်ခုတည်း သောရည်ရွယ်ချက်ဖြင့်စုဝေးကြကုန်၏။
12. ဣသရေလအမျိုးသားတို့သည် ဗင်္ယာမိန် အနွယ်ဝင်တို့၏နယ်မြေတစ်လျှောက်သို့ လူများကိုစေလွှတ်၍``သင်တို့ကူးလွန်ခဲ့ သည့်အဋ္ဌမ္မအမှုကားအဘယ်သို့နည်း။-
13. ဂိဗာမြို့၌ရှိသောအဋ္ဌမ္မလူတို့ကိုငါတို့ သတ်၍ဣသရေလလူမျိုးမှ ဤဆိုးညစ်မှု ကိုဖယ်ရှားပစ်နိုင်ရန်ယခုငါတို့လက်သို့ ပေးအပ်ကြလော့'' ဟုပြောကြားစေ၏။ သို့ ရာတွင်ဗင်္ယာမိန်အနွယ်ဝင်တို့သည်အခြား ဣသရေလအမျိုးသားတို့၏စကားကို ဂရုမစိုက်ဘဲ၊-
14. သူတို့အားတိုက်ခိုက်ရန်ဗင်္ယာမိန်မြို့အပေါင်း မှထွက်လာ၍ဂိဗာမြို့၌စုရုံးကြ၏။-
15-16. သူတို့သည်ထိုနေ့၌မိမိတို့မြို့များမှစစ် သားနှစ်သောင်းခြောက်ထောင်ကိုခေါ်ထုတ်ခဲ့ ကြ၏။ ထိုမှတစ်ပါးဂိဗာမြို့သားတို့သည် လက်ရွေးစင်ဘယ်သန်လူခုနစ်ရာကိုလည်း စုရုံးပေးကြ၏။ ထိုလက်ရွေးစင်တို့သည် ဆံချည်တစ်ပင်ကိုလောက်လွှဲနှင့်မလွဲ အောင်ပစ်နိုင်သူများဖြစ်ကြ၏။-
17. ဗင်္ယာမိန်အနွယ်ဝင်များမပါဘဲလက်နက် ကိုင်ဣသရေလအမျိုးသား စစ်သားဦးရေ မှာလေးသိန်းမျှရှိသတည်း။