21. ထို့ကြောင့်ယောရှုကွယ်လွန်စဉ်အခါကပင် ဤပြည်တွင်ကျန်ရှိနေသေးသည့်အဘယ် လူမျိုးကိုမျှငါနှင်ထုတ်တော့မည်မဟုတ်။-
22. ဤဣသရေလအမျိုးသားတို့သည် ငါ၏ လမ်းစဉ်ကိုသူတို့ဘိုးဘေးများလိုက်လျှောက် ခဲ့ကြသကဲ့သို့ လိုက်လျှောက်မည်မလိုက်လျှောက် မည်ကိုသိရှိစေရန် ငါသည်ဤပြည်ရှိလူမျိုး တို့ကိုအသုံးပြုမည်'' ဟုမိန့်တော်မူ၏။-
23. သို့ဖြစ်၍ထာဝရဘုရားသည်ထိုလူမျိုး တို့အား ထိုပြည်၌ပင်ဆက်လက်နေထိုင်ခွင့်ပြု တော်မူ၏။ ကိုယ်တော်သည်ယောရှုအားထိုသူ တို့အပေါ်၌အောင်ပွဲခံခွင့်ပေးတော်မမူ။ ယောရှုကွယ်လွန်ပြီးသောအခါ၌လည်းသူ တို့အားအဆောတလျင်နှင်ထုတ်ခြင်းကို ပြုတော်မမူ။