20. ထိုအခါထာဝရဘုရားသည်ဣသရေလ လူမျိုးအား လွန်စွာအမျက်ထွက်တော်မူ၍``ဤ လူမျိုးသည်ငါ့စကားကိုနားမထောင်။ စောင့် ထိန်းရန်အတွက်သူတို့၏ဘိုးဘေးများအား ငါပေးအပ်ခဲ့သည့်ပဋိညာဉ်ကိုချိုးဖောက် ကြ၏။-
21. ထို့ကြောင့်ယောရှုကွယ်လွန်စဉ်အခါကပင် ဤပြည်တွင်ကျန်ရှိနေသေးသည့်အဘယ် လူမျိုးကိုမျှငါနှင်ထုတ်တော့မည်မဟုတ်။-
22. ဤဣသရေလအမျိုးသားတို့သည် ငါ၏ လမ်းစဉ်ကိုသူတို့ဘိုးဘေးများလိုက်လျှောက် ခဲ့ကြသကဲ့သို့ လိုက်လျှောက်မည်မလိုက်လျှောက် မည်ကိုသိရှိစေရန် ငါသည်ဤပြည်ရှိလူမျိုး တို့ကိုအသုံးပြုမည်'' ဟုမိန့်တော်မူ၏။-