21. ဖိလိတ္တိအမျိုးသားတို့သည်လည်းသူ့အား ဖမ်းဆီးကာသူ၏မျက်စိကိုဖောက်ပြီး နောက် သူ့အားဂါဇမြို့သို့ခေါ်ဆောင်၍ ကြေးဝါကြိုးများဖြင့်ချည်နှောင်ပြီးလျှင် ထောင်ထဲ၌ကြိတ်ဆုံကျောက်ကိုလှည့်စေ ကြ၏။-
22. သို့ရာတွင်သူ၏ဆံပင်သည်ပြန်၍ရှည်စ ပြုလာလေသည်။
23. ဖိလိတ္တိဘုရင်တို့သည်မိမိတို့၏ဘုရားဒါဂုန် အား ယဇ်ပူဇော်ရန်နှင့်အောင်ပွဲခံရန်အတွက် စုဝေးကြ၏။ သူတို့က``ငါတို့၏ဘုရားသည် ငါတို့အားမိမိတို့ရန်သူရှံဆုန်၏အပေါ် ၌အောင်ပွဲခံစေတော်မူပြီ'' ဟုသီဆိုကြ၏။-
24-25. သူတို့သည်အလွန်ပျော်ရွှင်လျက်``ရှံဆုန်ကိုခေါ် ခဲ့ကြ။ သူ့အားငါတို့ကိုဖျော်ဖြေစေမည်'' ဟုဆို ကြ၏။ သူတို့သည်ရှံဆုန်ကိုထောင်ထဲမှခေါ်ဆောင် ၍ မိမိတို့အားဖျော်ဖြေစေ၏။ မဏ္ဍပ်တိုင်မကြီး အကြားတွင်ရပ်စေ၏။ လူတို့သည်သူ့ကိုမြင် လေလျှင်``ငါတို့၏ဘုရားသည်ငါတို့ပြည်ကို ယိုယွင်းပျက်စီးစေ၍ ငါတို့လူအမြောက် အမြားကိုသတ်ဖြတ်ခဲ့သောရန်သူ၏အပေါ် ၌ငါတို့အားအောင်ပွဲခံစေတော်မူပြီ'' ဟု မိမိတို့ဘုရား၏ဂုဏ်ကျေးဇူးကိုချီးမွမ်း၏။-
26. ရှံဆုန်သည်မိမိအားလက်ဆွဲ၍ခေါ်ယူလာ သောသူငယ်အား``မဏ္ဍပ်တိုင်မကြီးတို့ကိုငါ့ အားကိုင်ခွင့်ပြုပါ။ ယင်းတို့ကိုငါမှီ၍နေ လိုပါသည်'' ဟုပြော၏။-
27. ထိုမဏ္ဍပ်သည်အမျိုးသားအမျိုးသမီးများ နှင့်ပြည့်လျှံလျက်ရှိ၏။ ဖိလိတ္တိဘုရင်ငါးပါး တို့သည်လည်းထိုမဏ္ဍပ်တွင်ရှိကြ၏။ အမျိုး သားအမျိုးသမီးစုစုပေါင်းသုံးထောင်ခန့် သည် မဏ္ဍပ်အမိုးပေါ်မှရှံဆုန်ဖျော်ဖြေနေ သည်ကိုကြည့်ရှုလျက်ရှိကြ၏။