3. ထာဝရဘုရား၏ကောင်းကင်တမန်သည် ထို အမျိုးသမီး၏ရှေ့တွင်ပေါ်လာ၍``သင်သည် အဘယ်အခါမျှသားသမီးမရနိုင်ခဲ့ သော်လည်း မကြာမီကိုယ်ဝန်ဆောင်၍သား ယောကျာ်းကိုဖွားမြင်လိမ့်မည်။-
4. သို့ဖြစ်၍စပျစ်ရည်ကိုသော်လည်းကောင်း၊ သေ ရည်သေရက်ကိုသော်လည်းကောင်း ဘယ်အခါ ၌မျှမသောက်နှင့်။ တားမြစ်ထားသည့်အစား အစာမှန်သမျှကိုလည်းရှောင်လော့။-
5. သင်သည်သားကိုဖွားမြင်ပြီးနောက်သူ၏ ဆံပင်ကိုအဘယ်အခါ၌မျှမရိတ်နှင့်။ အ ဘယ်ကြောင့်ဆိုသော်ထိုသူငယ်သည်မိမိ ဖွားမြင်ချိန်မှစ၍နာဇရိဂိုဏ်းဝင် အဖြစ်ဖြင့်ဘုရားသခင်အားဆက်ကပ်ထား သူဖြစ်သောကြောင့်တည်း။ သူသည်ဣသရေလ လူမျိုးကိုဖိလိတ္တိအမျိုးသားတို့၏လက်မှ ကယ်ဆယ်ခြင်းကိုအစပြုလိမ့်မည်'' ဟု ဆို၏။
6. ထိုနောက်ထိုအမျိုးသမီးသည်မိမိ၏ခင် ပွန်းထံသို့သွား၍``ဘုရားသခင်၏စေတမန် တော်သည်ကျွန်မထံသို့လာပါသည်။ သူသည် ဘုရားသခင်၏ကောင်းကင်တမန်ကဲ့သို့ပင် ကြောက်မက်ဖွယ်ရာအဆင်းကိုဆောင်ပါ၏။ ကျွန်မသည်သူ့အား`သင်အဘယ်အရပ်မှ လာသနည်း' ဟူ၍မမေးပါ။ သူကလည်း သူ၏နာမည်ကိုကျွန်မအားမပြောပါ။-
7. သို့ရာတွင်ကျွန်မသည်ကိုယ်ဝန်ဆောင်၍ သားယောကျာ်းကိုဖွားမြင်မည်ဖြစ်ကြောင်း ကိုမူ ဧကန်အမှန်ပင်ကျွန်မအားသူပြော ပါ၏။ ကလေးသူငယ်သည်အသက်ရှင်သ မျှကာလပတ်လုံးနာဇရိဂိုဏ်းဝင်အဖြစ် ဖြင့် ဘုရားသခင်အားဆက်ကပ်ထားသူ ဖြစ်မည်ဖြစ်၍ ကျွန်မအားစပျစ်ရည်ကို သော်လည်းကောင်း၊ သေရည်သေရက်ကိုသော် လည်းကောင်းမသောက်ရန်နှင့် တားမြစ်ထား သည့်အစားအစာမှန်သမျှကိုရှောင်ကြဉ် ရန်ပြောပါသည်'' ဟုဆိုလေသည်။
8. ထိုအခါမာနော်သည်``အို ထာဝရဘုရား၊ ကိုယ်တော်စေလွှတ်ခဲ့သူအားကျေးဇူးပြု၍ အကျွန်ုပ်တို့ထံသို့တစ်ဖန်ပြန်လည်စေလွှတ် ပေးတော်မူ၍ သားငယ်မွေးဖွားလာသော အခါသူ့အားအကျွန်ုပ်တို့အဘယ်သို့ပြု ကြရမည်ကိုလည်းအမိန့်ရှိတော်မူပါ'' ဟုဆုတောင်းပတ္ထနာပြု၏။
9. ဘုရားသခင်သည်လည်းမာနော်တောင်း လျှောက်သည့်အတိုင်းပြုတော်မူသဖြင့် ကိုယ် တော်၏ကောင်းကင်တမန်သည်လယ်ထဲ၌ ထိုင်နေသောအမျိုးသမီးထံသို့ပြန်လာ လေသည်။ ထိုအခါ၌သူ၏ခင်ပွန်း မာနော်မှာသူနှင့်အတူမရှိချေ။-
20-21. ယဇ်ပလ္လင်မှမီးလျှံများအထက်သို့တက်လျက်နေ စဉ် ထာဝရဘုရား၏ကောင်းကင်တမန်သည်မီး လျှံထဲမှနေ၍ ကောင်းကင်ဘုံသို့တက်သွားသည် ကိုမာနော်တို့ဇနီးမောင်နှံတွေ့မြင်ရကြလေ သည်။ ထိုအခါကျမှထိုသူသည်ကောင်းကင် တမန်ဖြစ်ကြောင်းကိုမာနော်သိရှိရသတည်း။ သို့ဖြစ်၍သူတို့ဇနီးမောင်နှံနှစ်ယောက်သည် မြေပေါ်သို့ပျပ်ဝပ်လိုက်ကြ၏။ ထိုကောင်းကင် တမန်ကိုမူကားနောက်တစ်ဖန်အဘယ်အခါ ၌မျှသူတို့မတွေ့မမြင်ရကြတော့ချေ။
22. မာနော်ကမိမိ၏ဇနီးအား``ငါတို့ဘုရားသခင်ကိုဖူးမြင်ရကြပြီဖြစ်၍အမှန် ပင်သေရကြပေတော့အံ့'' ဟုဆို၏။
23. သို့ရာတွင်ဇနီးဖြစ်သူက``အကယ်၍ထာဝရ ဘုရားသည်ငါတို့ကိုသေစေလိုသည်ဆိုပါမူ ငါတို့၏ပူဇော်သကာများကိုလက်ခံတော်မူ မည်မဟုတ်။ ဤသို့သောစကားတို့ကိုလည်းဤ အချိန်အခါ၌မိန့်တော်မူမည်မဟုတ်'' ဟု ပြန်ပြောလေသည်။
24. ထိုအမျိုးသမီးသည်သားယောကျာ်းကို ဖွားမြင်၍ သူငယ်အားရှံဆုန်ဟူသောအမည် ဖြင့်မှည့်၏။ ကလေးငယ်သည်လည်းကြီးပြင်း လာရာဘုရားသခင်သည်သူ့အားကောင်း ချီးပေးတော်မူ၏။-
25. သူငယ်သည်ဇောရာမြို့နှင့်ရှေတောလမြို့ စပ်ကြားဒန်တပ်စခန်း၌ရှိနေစဉ် ထာဝရ ဘုရား၏တန်ခိုးတော်သည်သူ့အားစတင် ၍ခွန်အားကြီးမားလာစေတော်မူသည်။