19. ထိုနောက်ဣသရေလအမျိုးသားတို့သည် ဟေရှဘုန်မြို့ရှိအာမောရိလူမျိုးတို့၏ ဘုရင်၊ ရှိဟုန်ထံသို့စေလွှတ်ပြီးလျှင်သူ ၏ပြည်ကိုဖြတ်ကျော်ကာ မိမိတို့ပြည်သို့ သွားရောက်ခွင့်ပြုရန်ပန်ကြားလျှောက် ထားကြ၏။-
20. သို့ရာတွင်ရှိဟုန်မင်းကခွင့်မပြုချေ။ သူ သည်မိမိ၏တပ်မတော်တစ်ခုလုံးကိုစုရုံး စေပြီးလျှင် ယာဟတ်မြို့သို့လာရောက်စခန်း ချကာဣသရေလအမျိုးသားတို့အား တိုက်ခိုက်လေသည်။-
21. သို့ရာတွင်ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့အား ရှိဟုန်မင်းနှင့်တပ်မ တော်ကိုနှိမ်နင်းအောင်မြင်ခွင့်ပေးတော်မူ သဖြင့် ဣသရေလအမျိုးသားတို့သည်ထို ပြည်၌နေထိုင်သောအာမောရိအမျိုးသား တို့၏နယ်မြေရှိသမျှကိုသိမ်းယူကြ၏။-
22. သူတို့သည်တောင်သို့လားသော်အာနုန်မြစ်၊ မြောက်သို့လားသော်ယဗ္ဗုတ်မြစ်တိုင်အောင် လည်းကောင်း၊ အရှေ့သို့လားသော်သဲကန္တာရ၊ အနောက်သို့လားသော်ယော်ဒန်မြစ်တိုင်အောင် လည်းကောင်းအာမောရိနယ်မြေရှိသမျှ ကိုသိမ်းယူကြ၏။-
23. သို့ဖြစ်၍ကိုယ်တော်၏လူမျိုးတော်ဣသရေလ အမျိုးသားတို့အတွက် အမ္မုန်အမျိုးသား တို့အားနှင်ထုတ်ပေးတော်မူသောအရှင်မှာ ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားပေတည်း။-
24. သင်သည်ထိုနယ်မြေကိုပြန်လည်ရယူရန် ကြိုးစားပါမည်လော။ သင်၏ဘုရားခေမုရှ ပေးအပ်သမျှနယ်မြေကိုသင်သိမ်းပိုက်ထား နိုင်ပါ၏။ ငါတို့အတွက်ငါတို့ဘုရားသခင် ထာဝရဘုရားသိမ်းယူတော်မူသောနယ် မြေရှိသမျှကိုငါတို့သိမ်းပိုက်ထားမည်။-