9. ထိုနည်းဥပဒေသတရားတို့သည် သင်၏ခေါင်း၌ တင့်တယ်သော ဦးရစ်၊ သင်၏လည်ပင်း၌ ပတ်ရစ်သော လည်ဆွဲဖြစ်ကြလိမ့်မည်။
10. ငါ့သား၊ လူဆိုးတို့သည် သင့်ကိုသွေးဆောင်လျှင် ဝန်မခံနှင့်။
11. သူတို့က ငါတို့နှင့်အတူလိုက်တော့။ သူ့အသက် ကိုသတ်အံ့သောငှါ စောင့်ကြစို့။ အချည်းနှီးအပြစ်လွတ် သော သူတို့ကို ချောင်းမြောင်းကြစို့။
12. သင်္ချိုင်းတွင်းသို့ဆင်းသော သူတို့ကဲ့သို့ တကိုယ်လုံးပါလျက်၊ အသက်ရှင်လျက်ရှိသော ထိုသူတို့ကို မရဏာ နိုင်ငံမျိုသကဲ့သို့ မျိုကြစို့။
13. အဘိုးထိုက်သော ဘဏ္ဍာအမျိုးမျိုးကိုတွေ့၍ လုယူသောဥစ္စာနှင့် ငါတို့အိမ်ကိုပြည့်စေကြမည်။