သုတ္တံကျမ်း။ 1:29-32 Common Language Bible (BCL)

29. အကြောင်းမူကား၊ သူတို့သည် ပညာအတတ်ကိုမုန်းကြ၏။ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောကို အလိုမရှိကြ။

30. ငါသတိပေးခြင်းကို အလျှင်းနားမခံကြ။ ငါဆုံးမ ခြင်းရှိသမျှကို မထီမဲ့မြင်ပြုကြ၏။

31. ထိုကြောင့်သူတို့သည် ကိုယ်ကျင့်ခြင်း၏ အကျိုး အပြစ်ကိုစား၍၊ ကိုယ်ကြံသော အကြံတို့နှင့် ဝကြလိမ့် မည်။

32. ဥာဏ်တိမ်သောသူတို့သည် လမ်းလွဲသဖြင့် အသက်ဆုံးတတ်ကြ၏။ မိုက်သောသူတို့သည် သတိလစ် သောအားဖြင့် ပျက်စီးခြင်းသို့ ရောက်တတ်ကြ၏။

သုတ္တံကျမ်း။ 1