11. သို့ရာတွင်အသားနှင့်သားရေကိုစခန်း အပြင်တွင်မီးရှို့သည်။
12. ထိုနောက်သူသည်မိမိအတွက် မီးရှို့ရာယဇ် ကောင်ကိုသတ်လေသည်။ သူ၏သားတို့ကသူ ထံသို့သွေးအနည်းငယ်ကိုယူလာသဖြင့် သူသည်ယဇ်ပလ္လင်လေးဘက်အပေါ်သို့ သွေးကိုပက်ဖျန်းလေသည်။-
13. တစ်ဖန်သူတို့သည်နွား၏ဦးခေါင်းနှင့်အခြား သောအသားတစ် အပိုင်းများကိုသူ့အားပေး အပ်သဖြင့် သူသည်ယင်းတို့ကိုယဇ်ပလ္လင် ပေါ်တွင်မီးရှို့ပူဇော်လေသည်။-
14. ထိုနောက်သူသည်နွား၏ဝမ်းတွင်းသားနှင့် နောက်ခြေထောက်တို့ကိုဆေးကြောပြီးလျှင် မီးရှို့ရာယဇ်အပေါ်သို့တင်လျက်မီးရှို့ ပူဇော်လေသည်။
15. ထို့နောက်သူသည်လူများအတွက် ပူဇော် သကာကိုဆက်သလေသည်။ သူသည်လူများ အတွက်အပြစ်ဖြေရာယဇ်ဖြစ်သောဆိတ်ကို ယူ၍သတ်ပြီးလျှင် မိမိအတွက်အပြစ်ဖြေ ရာယဇ်ကိုပူဇော်သည့်နည်းအတိုင်းဆိတ်ကို ပူဇော်လေသည်။-
16. မီးရှို့ရာယဇ်ကိုလည်းယူခဲ့ပြီးလျှင် ပြဋ္ဌာန်း ထားသောနည်းအတိုင်းမီးရှို့ပူဇော်လေသည်။-