ဝတ်​ပြု 7:24-27 Common Language Bible (BCL)

24. သ​ဘာ​ဝ​အ​လျောက်​သေ​သော​တိ​ရစ္ဆာန်​၏ အ​ဆီ၊ သို့​မ​ဟုတ်​သား​ရဲ​ကိုက်​သတ်​၍​သေ သော​တိ​ရစ္ဆာန်​၏​အ​ဆီ​ကို​မ​စား​ရ။ သို့​ရာ တွင်​ထို​အ​ဆီ​ကို​အ​ခြား​ကိစ္စ​များ​အ​တွက် အ​သုံး​ပြု​နိုင်​သည်။-

25. ထာ​ဝ​ရ​ဘု​ရား​အား​မီး​ရှို့​ရာ​ယဇ်​ပူ​ဇော် သော​ယဇ်​ကောင်​၏​အ​ဆီ​ကို​စား​သော​သူ သည် ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​မှ ပယ်​ထုတ်​ခြင်း​ခံ​ရ​မည်။-

26. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မည်​သည့် အ​ရပ်​၌​နေ​ထိုင်​သည်​မ​ဆို ငှက်​၏​သွေး​သို့ မ​ဟုတ်​တိ​ရစ္ဆာန်​၏​သွေး​ကို​မ​စား​ရ။-

27. ဤ​ပ​ညတ်​ကို​ချိုး​ဖောက်​သော​သူ​သည် ထာ​ဝ​ရ ဘု​ရား​၏​လူ​မျိုး​တော်​မှ​ပယ်​ထုတ်​ခြင်း​ခံ​ရ မည်။

ဝတ်​ပြု 7