9. ထို့နောက်ငှက်သွေးအချို့ကိုပလ္လင်ဘေးဘက် သို့ပက်ဖျန်း၍ ကျန်သောသွေးကိုပလ္လင်ခြေ ရင်းသို့ညှစ်ချရမည်။ ဤသည်ကားအပြစ် ဖြေရာယဇ်ဖြစ်သတည်း။-
10. ဒုတိယငှက်ကိုပြဋ္ဌာန်းချက်များအရ မီးရှို့ပူဇော်ရမည်။ ထိုနည်းအားဖြင့်ယဇ် ပုရောဟိတ်သည် ထိုသူ၏အပြစ်ကိုဖြေရန် ယဇ်ပူဇော်ရမည်။ ထိုသူသည်လည်းအပြစ် လွတ်လိမ့်မည်။
11. သူသည်ချိုးနှစ်ကောင် သို့မဟုတ်ခိုနှစ်ကောင် ပူဇော်ရန်မတတ်နိုင်လျှင် အပြစ်ဖြေရာယဇ် အဖြစ်မုန့်ညက်နှစ်ပေါင်ကို ယဇ်ပုရောဟိတ် ထံသို့ယူဆောင်ခဲ့ရမည်။ ယင်းပူဇော်ခြင်း သည်ဘောဇဉ်သကာပူဇော်ခြင်းမဟုတ်။ အပြစ်ဖြေရာယဇ်အဖြစ်ပူဇော်ခြင်းဖြစ် သောကြောင့် မုန့်ညက်ပေါ်တွင်သံလွင်ဆီ သို့မဟုတ်၊ အမွှေးနံ့သာကိုမလောင်းရ။-
12. ယဇ်ပုရောဟိတ်သည်ထာဝရဘုရားထံ တော်သို့ မုန့်ညက်အကုန်အစင်ပူဇော်ဆက်သ သည့်အထိမ်းအမှတ်အဖြစ် မုန့်ညက်လက် တစ်ဆုပ်စာကိုယူ၍ပူဇော်သကာအဖြစ် ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ယင်းသည် အပြစ်ဖြေရာယဇ်ဖြစ်သတည်း။-
13. ဤနည်းအားဖြင့်ယဇ်ပုရောဟိတ်သည်ထို သူအတွက်အပြစ်ဖြေရာယဇ်ပူဇော်သဖြင့် ထိုသူသည်အပြစ်လွတ်လိမ့်မည်။ ဘောဇဉ် သကာပူဇော်သည့်နည်းကဲ့သို့ကျန်သော မုန့်ညက်သည် ယဇ်ပုရောဟိတ်သုံးဆောင် ရန်အတွက်ဖြစ်သည်။