ဝတ်​ပြု 27:18-20 Common Language Bible (BCL)

18. သူ​သည်​မြေ​ယာ​ကို​ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင် ရာ​နှစ်​ကုန်​ဆုံး​ပြီး​နောက် တစ်​ချိန်​ချိန်​၌​ပူ​ဇော် ဆက်​သ​လျှင် ယဇ်​ပု​ရော​ဟိတ်​သည်​ရှေ့​လာ​မည့် ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင်​ရာ​နှစ်​အ​ထိ ကျန် ရှိ​နေ​သေး​သော​နှစ်​အ​ရေ​အ​တွက်​အ​လိုက် တန်​ဖိုး​ငွေ​ကို​လျှော့​၍​သတ်​မှတ်​ရ​မည်။-

19. ထို​သူ​သည်​မြေ​ယာ​ကို​ပြန်​ဝယ်​ယူ​လို​လျှင် တန်​ဖိုး​အ​ပြင် နှစ်​ဆယ်​ရာ​ခိုင်​နှုန်း​ထပ်​ဆောင်း ၍​ပေး​ရ​မည်။-

20. သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​မြေ​ယာ ကို​ပြန်​၍ ဦး​စွာ​မ​ဝယ်​ယူ​ဘဲ​လူ​တစ်​ဦး​ထံ ရောင်း​ချ​ခဲ့​လျှင်​သူ​သည်​မြေ​ယာ​ကို​ပြန်​ဝယ် ယူ​ခွင့်​မ​ရှိ​စေ​ရ။-

ဝတ်​ပြု 27