6. ``ငါသည်သင်တို့၏ပြည်ကိုအေးချမ်းသာယာ စေသဖြင့် သင်တို့သည်ညအခါဘေးရန်အတွက် စိုးရိမ်ကြောင့်ကြမှုမရှိဘဲအိပ်ရလိမ့်မည်။ ငါ သည်သင်တို့ပြည်မှသားရဲများကိုဖယ်ရှားမည်။ စစ်ဘေးစစ်ဒဏ်ကိုနောက်တစ်ဖန်မခံစားစေရ။-
7. သင်တို့သည်ရန်သူများကိုနှိမ်နင်းအောင်မြင် ရလိမ့်မည်။-
8. သင်တို့ဘက်မှလူငါးယောက်သည်ရန်သူတစ်ရာ ကိုလည်းကောင်း၊ သင်တို့ဘက်မှလူတစ်ရာသည် ရန်သူတစ်ထောင်ကိုလည်းကောင်း နှိမ်နင်းအောင် မြင်လိမ့်မည်။-
9. ငါသည်သင်တို့ကိုကောင်းချီးပေးသဖြင့် သင် တို့တွင်သားသမီးမြောက်မြားစွာထွန်းကား လိမ့်မည်။ သင်တို့နှင့်ပြုထားသောပဋိညာဉ် ကိုငါတည်စေမည်။-
10. သင်တို့၏သီးနှံအထွက်တိုးသဖြင့် တစ်နှစ် စာအတွက်ဖူလုံရုံမျှမကသင်တို့သည် စပါးသစ်ကိုသိုလှောင်နိုင်ရန်လက်ကျန် စပါးဟောင်းကိုပင်စွန့်ပစ်ရလိမ့်မည်။-
11. ငါသည်တဲတော်တွင်ကိန်းဝပ်သဖြင့် သင်တို့ နှင့်အတူရှိနေမည်။ သင်တို့ကိုမည်သည့်အခါ မျှစွန့်ပစ်တော်မမူ။-