ဝတ်​ပြု 23:4-7 Common Language Bible (BCL)

4. အောက်​ဖော်​ပြ​ပါ​ပွဲ​တော်​များ​ကို​သတ်​မှတ် သော​အ​ချိန်​အ​ခါ​များ​တွင်​ကျင်း​ပ​ရ​မည် ဖြစ်​ကြောင်း​ကြေ​ညာ​လော့။

5. ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး မွမ်း​သည့်​ပ​သ​ခါ​ပွဲ​တော်​ကို​ပ​ထ​မ​လ၊ တစ်​ဆယ့်​လေး​ရက်​နေ့၊ နေ​ဝင်​ချိန်​တွင်​စ​တင် ကျင်း​ပ​ရ​မည်။-

6. တစ်​ဆယ့်​ငါး​ရက်​မြောက်​နေ့​တွင်​တ​ဆေး​မဲ့ မုန့်​ပွဲ​တော်​အ​စ​ပြု​သည်​ဖြစ်​၍ သင်​တို့​သည် ခု​နစ်​ရက်​ပတ်​လုံး​တ​ဆေး​ပါ​သော​မုန့်​ကို မ​စား​ရ။-

7. ပွဲ​တော်​ပ​ထ​မ​ရက်​၌​သင်​တို့​သည်​စု​ဝေး ဝတ်​ပြု​ကိုး​ကွယ်​ရ​မည်။ အ​သက်​မွေး​ဝမ်း ကျောင်း​အ​လုပ်​ကို​မ​လုပ်​ရ။-

42-43. ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​သော အ​ခါ​၌​ကိုယ်​တော်​သည် သူ​တို့​အား​သစ်​ခက် တဲ​များ​တွင်​နေ​ထိုင်​စေ​တော်​မူ​ကြောင်း​ကို သင်​တို့​၏​အ​ဆက်​အ​နွယ်​များ​သ​တိ​ရ ကြ​စေ​ခြင်း​ငှာ သင်​တို့​အ​ပေါင်း​သည်​ခု​နစ် ရက်​ပတ်​လုံး​တဲ​များ​၌​နေ​ထိုင်​ရ​မည်။ ကိုယ် တော်​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​၏။

ဝတ်​ပြု 23