19. ရာသီသွေးပေါ်သောမိန်းမသည်ဘာသာရေး ထုံးနည်းအရမသန့်စင်သောကြောင့် ရာသီသွေး ပေါ်ချိန်အတွင်းသူနှင့်ကာမစပ်ယှက်ခြင်း မပြုရ။-
20. သူတစ်ပါး၏မယားနှင့်ကာမစပ်ယှက်ခြင်း မပြုရ။ ထိုသို့ပြုလျှင်သင်သည်ဘာသာ ရေးထုံးနည်းအရမသန့်စင်ချေ။-
21. သင်၏သားသမီးတို့ကိုမောလုတ်ဘုရားအား မီးရှို့ပူဇော်ရန်မအပ်နှင့်။ ထိုသို့ပြုခြင်းဖြင့် သင်၏ဘုရားသခင်ထာဝရဘုရား၏နာမ တော်ကိုမရှုတ်ချရ။-
22. ယောကျာ်းခြင်းကာမစပ်ယှက်ခြင်းမပြုရ။ ဘုရားသခင်သည်ထိုအကျင့်ကိုစက်ဆုပ် ရွံရှာတော်မူ၏။-
23. ယောကျာ်းဖြစ်စေမိန်းမဖြစ်စေ၊ တိရစ္ဆာန်နှင့်ကာမ စပ်ယှက်ခြင်းမပြုရ။ ထိုအကျင့်သည်ဋ္ဌမ္မတာ ကိုဆန့်ကျင်သဖြင့် ဘာသာတရားထုံးနည်း အရသင့်ကိုညစ်ညမ်းစေသည်။