ဝတ်​ပြု 16:12-16 Common Language Bible (BCL)

12. ယဇ်​ပလ္လင်​မှ​မီး​ခဲ​များ​ကို​မီး​ကျီး​ခံ​လင်​ပန်း ၌ အ​ပြည့်​ထည့်​၍​နံ့​သာ​မှုန့်​လက်​နှစ်​ဆုပ်​ကို ယူ​ပြီး​လျှင် အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် ထဲ​သို့​ဝင်​ရ​မည်။-

13. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင် နံ့​သာ​ကို​မီး​ခဲ​ပေါ်​၌​ဖြူး​ရ​မည်။ နံ့​သာ မှ​ထွက်​သော​မီး​ခိုး​သည်​ပ​ဋိ​ညာဉ်​သေတ္တာ ဖုံး​ကို​ကွယ်​ထား​သ​ဖြင့် သူ​သည်​အ​ဖုံး​ကို မ​မြင်​နိုင်​သော​ကြောင့်​အ​သက်​ချမ်း​သာ ရာ​ရ​လိမ့်​မည်။-

14. သူ​သည်​နွား​၏​သွေး​အ​နည်း​ငယ်​ကို​ယူ​၍ လက် ညှိုး​ဖြင့်​ပ​ဋိ​ညာဉ်​သေတ္တာ​ဖုံး​အ​ရှေ့​ပိုင်း​ကို ဖျန်း​ရ​မည်။ ပ​ဋိ​ညာဉ်​သေတ္တာ​အ​ရှေ့​၌​လည်း ခု​နစ်​ကြိမ်​ဖျန်း​ရ​မည်။

15. ထို​နောက်​သူ​သည် လူ​တို့​အ​ပြစ်​ဖြေ​ရာ​ပူ​ဇော် သ​ကာ​ဖြစ်​သော​ဆိတ်​ကို​သတ်​၍ သွေး​ကို​အ​လွန် သန့်​ရှင်း​ရာ​ဌာ​န​တော်​ထဲ​သို့​ယူ​ခဲ့​ရ​မည်။ နွား ၏​သွေး​ကို​ဖျန်း​သည့်​နည်း​တူ​ဆိတ်​၏​သွေး​ကို ပ​ဋိ​ညာဉ်​သေတ္တာ​ဖုံး​ပေါ်​တွင်​လည်း​ကောင်း၊ သေတ္တာ​အ​ရှေ့​တွင်​လည်း​ကောင်း​ဖျန်း​ရ မည်။-

16. ဤ​နည်း​အား​ဖြင့်​အာ​ရုန်​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​မ​သန့်​စင်​ခြင်း​နှင့်​အ​ပြစ် အ​မျိုး​မျိုး​တို့​ကြောင့် အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​အ​တွက် သန့်​စင်​ခြင်း​ဝတ်​ကို​ဆောင်​ရွက်​ရ မည်။ တဲ​တော်​သည်​မ​သန့်​စင်​သော​စ​ခန်း​အ​လယ် တွင်​တည်​ရှိ​သ​ဖြင့် တဲ​တော်​အ​တွက်​သန့်​စင် ခြင်း​ဝတ်​ကို​ဆောင်​ရွက်​ရ​မည်။-

ဝတ်​ပြု 16