ဝတ်​ပြု 13:39-48 Common Language Bible (BCL)

39. ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​အား​စစ်​ဆေး ရ​မည်။ အ​ကွက်​များ​သည်​ဖြူ​မွဲ​မွဲ​ဖြစ်​လျှင် အ​ရေ​ပြား​ပေါ်​တွင်​ဖြစ်​ပေါ်​တတ်​သော​ညှင်း ကွက်​များ​ဖြစ်​၍​သူ​သည်​ဘာ​သာ​ရေး​ထုံး နည်း​အ​ရ​သန့်​ရှင်း​သည်။

40-41. အ​မျိုး​သား​သို့​မ​ဟုတ် အ​မျိုး​သ​မီး​တစ် ယောက်​၏​ဦး​ခေါင်း​အ​နောက်​ပိုင်း​မှ​ဖြစ်​စေ၊ အ​ရှေ့​ပိုင်း​မှ​ဖြစ်​စေ​ဆံ​ပင်​များ​ကျွတ်​လျှင် မ​သန့်​ရှင်း​သူ​ဟူ​၍​မ​သတ်​မှတ်​ရ။-

42. သို့​ရာ​တွင်​ဆံ​ပင်​ပြောင်​သော​နေ​ရာ​၌​နီ ဖျော့​ဖျော့​အ​နာ​ပေါက်​လျှင် ထို​အ​နာ​သည် ဆိုး​ရွား​သော​အ​ရေ​ပြား​ရော​ဂါ​ဖြစ်​သည်။-

43. ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​အား​စစ်​ဆေး​၍ အ​နာ​သည်​နီ​ဖျော့​ဖျော့​ဖြစ်​လျှင်၊-

44. သူ​၏​ဦး​ခေါင်း​ပေါ်​၌​ဆိုး​ရွား​သော​အ​ရေ ပြား​ရော​ဂါ​စွဲ​သည်​ဖြစ်​သော​ကြောင့် မ​သန့် ရှင်း​သူ​ဟု​ဆုံး​ဖြတ်​ရ​မည်။-

45. ဆိုး​ရွား​သော​ကိုယ်​ရေ​ပြား​ရော​ဂါ​စွဲ​သော သူ​သည် စုတ်​သော​အ​ဝတ်​ကို​ဝတ်​ရ​မည်။ ဆံ​ပင် ကို​မ​ဖြီး​ရ။ မျက်​နှာ​အောက်​ပိုင်း​ကို​ဖုံး​လျက် မ​သန့်​ရှင်း၊ မ​သန့်​ရှင်း​ဟု​အော်​ရ​မည်။-

46. သူ​၏​ကိုယ်​၌​ထို​ရော​ဂါ​စွဲ​နေ​သည့်​ကာ​လ ပတ်​လုံး သူ​သည်​မ​သန့်​ရှင်း​သ​ဖြင့် လူ​သူ​နှင့် ဝေး​ရာ​စ​ခန်း​အ​ပြင်​၌​ထွက်​၍​နေ​ထိုင်​ရ​မည်။

47. သိုး​မွေး​အ​ဝတ်​အ​ထည်​သို့​မ​ဟုတ်​ပိတ်​ချော အ​ဝတ်​အ​ထည်​တွင်​ဖြစ်​စေ၊-

48. သိုး​မွေး​အ​ထည်​စ​သို့​မ​ဟုတ်​ပိတ်​ချော အ​ထည်​စ​တွင်​ဖြစ်​စေ၊ သား​ရေ​သို့​မ​ဟုတ် သား​ရေ​ထည်​ပစ္စည်း​တွင်​ဖြစ်​စေ၊-

ဝတ်​ပြု 13