44. ထိုနောက်အမျိုးသမီး၏ဘက်ကိုလှည့်၍ ရှိမုန်အား ``သင်သည်ဤအမျိုးသမီးကို မြင်သလော။ ငါသည်သင်၏အိမ်သို့ဝင်သော အခါ သင်သည်ခြေဆေးရေကိုမပေး။ သို့ ရာတွင်သူသည်မျက်ရည်ဖြင့် ငါ့ခြေကို ဆေး၍ဆံပင်ဖြင့်သုတ်လေပြီ။-
45. သင်သည်ငါ့ကိုမနမ်း။ ထိုအမျိုးသမီး သည်ဤအိမ်သို့ဝင်ချိန်မှစ၍ငါ၏ခြေ ကိုအဆက်မပြတ်နမ်းလေပြီ။-
46. သင်သည်ငါ၏ခေါင်းကိုဆီဖြင့်မလိမ်း။ သူမူကား ငါ၏ခြေကိုဆီမွှေးဖြင့်လိမ်းလေပြီ။ ထိုကြောင့်သင့် အားငါဆိုသည်ကား ဤအမျိုးသမီးသည်များစွာ သောအပြစ်တို့မှပြေလွတ်လေပြီ။-