6. ``ဤတန်ခိုးအာဏာဘုန်းစည်းစိမ်ရှိသမျှ တို့ကိုကိုယ်တော်အားငါပေးပါအံ့။ ဤအရာ များကိုငါ့လက်ဝယ်အပ်နှင်းထားပြီးဖြစ် သဖြင့်ငါပေးလိုသူအားပေးနိုင်၏။-
7. သို့ဖြစ်၍ကိုယ်တော်သည်ငါ့အားဦးညွှတ် ရှိခိုးလျှင် ဤတန်ခိုးအာဏာအလုံးစုံတို့ ကိုကိုယ်တော်အားပေးမည်'' ဟုလျှောက်၏။
8. သခင်ယေရှုက ``သင်၏ဘုရားသခင်ထာဝရ ဘုရားကိုသာလျှင် ဦးညွှတ်ရှိခိုးရမည်ဟု ကျမ်းစာတော်တွင်ဖော်ပြပါရှိ၏'' ဟုပြန် လည်မိန့်တော်မူ၏။
9. မာရ်နတ်သည်သခင်ယေရှုကိုယေရုရှလင်မြို့သို့ ခေါ်ဆောင်၍သွားပြီးလျှင် ဗိမာန်တော်ထိပ်ဖျားတွင် နေစေပြီးလျှင် ``ကိုယ်တော်သည်ဘုရားသခင်၏ သားတော်ဖြစ်လျှင်ဤနေရာမှအောက်သို့ခုန်ချ ပါလော့။-
10. ကျမ်းစာတော်တွင် `သင့်ကိုစောင့်ရှောက်စေရန် ဘုရားသခင်သည်ကောင်းကင်တမန်များအား အမိန့်ပေးတော်မူမည်' ဟူ၍လည်းကောင်း၊-
11. `သင်၏ခြေသည်ကျောက်နှင့်မထိခိုက်စေခြင်း ငှာ ကောင်းကင်တမန်တို့သည်လက်ဖြင့်သင့်ကို ပွေ့ချီကြလိမ့်မည်' ဟူ၍လည်းကောင်းပါရှိ၏'' ဟုလျှောက်၏။
12. သခင်ယေရှုက ``သင်သည်ဘုရားသခင်ထာဝရ ဘုရားအားစစ်ဆေးစမ်းသပ်မှုမပြုရဟု ကျမ်းစာလာ၏'' ဟုပြန်လည်ဖြေကြားတော် မူ၏။
13. မာရ်နတ်သည်ဤသို့စုံစမ်းသွေးဆောင်မှုအလုံးစုံ ကိုပြုပြီးသောအခါ ကိုယ်တော်၏ထံတော်မှ ထွက်ခွာ၍အခါအခွင့်ကောင်းကိုစောင့်နေ၏။