လုကာ 4:29-33 Common Language Bible (BCL)

29. ထို​နောက်​ကိုယ်​တော်​အား​တောင်​ကမ်း​ပါး​မှ​တွန်း​ချ အံ့​သော​ငှာ​မြို့​တည်​ရာ​တောင်​ထိပ်​စွန်း​သို့​ခေါ် ဆောင်​သွား​ကြ​၏။-

30. သို့​ရာ​တွင်​ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​အ​လယ် မှ​လျှောက်​၍​ကြွ​သွား​တော်​မူ​၏။

31. ကိုယ်​တော်​သည်​ဂါ​လိ​လဲ​ပြည်၊ က​ပေ​ရ​နောင်​မြို့ သို့​ရောက်​တော်​မူ​၏။ ဥ​ပုသ်​နေ့​၌​တ​ရား​ဇ​ရပ် တွင်​ဟော​ပြော​သွန်​သင်​တော်​မူ​၏။-

32. ကိုယ်​တော်​၏​သွန်​သင်​ချက်​တွင်​တန်​ခိုး​အာ​ဏာ ပါ​သ​ဖြင့်​လူ​တို့​သည်​အံ့​သြ​ကြ​၏။-

33. တ​ရား​ဇ​ရပ်​ထဲ​တွင်​ညစ်​ညမ်း​သော​နတ်​ပူး​ဝင် နေ​သူ​တစ်​ယောက်​ရှိ​၏။-

လုကာ 4