34. သခင်ယေရှုက ``အို အဖ၊ ထိုသူတို့၏အပြစ် ကိုဖြေလွှတ်တော်မူပါ။ သူတို့သည်မိမိတို့ပြု နေသည့်အမှုကိုမသိကြပါ'' ဟုမြွက်ဆို တော်မူ၏။သူတို့သည်ကိုယ်တော်၏အဝတ်တော်များကို မဲချ၍ဝေယူကြ၏။-
35. လူပရိသတ်သည်ရပ်လျက်ကြည့်နေကြ၏။ ယုဒခေါင်းဆောင်များသည် ``ဤသူသည်အခြား သူများအားကယ်တင်၏။ အကယ်၍ဘုရားသခင် ရွေးချယ်တော်မူသောမေရှိယဖြစ်ပါမူ မိမိကိုယ် ကိုကယ်တင်ပါလေစေ'' ဟုဆို၍ပြောင်လှောင် ကြ၏။-
36. စစ်သားများသည်လည်းကိုယ်တော်အားပုံး ရည်ကိုတိုက်လျက်၊-
37. ``သင်သည်ယုဒရှင်ဘုရင်ဖြစ်ပါမူသင့်ကိုယ် ကိုကယ်တင်ပါလော့'' ဟုဆို၍ပြောင်လှောင် ကြ၏။
38. ကိုယ်တော်၏ဦးခေါင်းအထက်တွင် ``ဤသူကား ယုဒရှင်ဘုရင်ပေတည်း'' ဟုကမ္ပည်းရေးထိုး ထားကြ၏။
39. လက်ဝါးကပ်တိုင်မှာရိုက်ဆွဲထားသောရာဇ ဝတ်သင့်သူနှစ်ယောက်အနက် တစ်ယောက်က ``သင် သည်မေရှိယပင်မဟုတ်ပါလော။ သင့်ကိုယ်ကို လည်းကောင်း၊ ငါတို့ကိုလည်းကောင်းကယ်တင် ပါလော့'' ဟုကိုယ်တော်အားကဲ့ရဲ့ပြောဆို၏။
40. အခြားရာဇဝတ်သင့်သူကထိုသူ့အား ``သင် သည်ဘုရားသခင်ကိုမကြောက်ပါသလော။ ငါ တို့သည်ဤသူကဲ့သို့ပင်ဒဏ်စီရင်ခြင်းကို ခံရသော်လည်း၊-
41. ငါတို့သည်အပြစ်အလျောက် ထိုက်သင့်သော အပြစ်ဒဏ်ကိုခံရကြ၏။ ဤအရှင်မှာမူကား အဘယ်အပြစ်ကိုမျှမကူးလွန်ခဲ့'' ဟုပြော ဆိုဆုံးမ၏။-
42. ထိုနောက်သခင်ယေရှုအား ``အရှင်အုပ်စိုးရန် ကြွလာတော်မူသောအခါ အကျွန်ုပ်ကိုသတိ ရတော်မူပါ'' ဟုလျှောက်၏။-
43. ကိုယ်တော်က ``အမှန်အကန်သင့်အားငါဆို သည်ကား ယနေ့ပင်သင်သည်ငါနှင့်အတူ ပရဒိသုဘုံတွင်ရှိမည်'' ဟုမိန့်တော်မူ၏။
44. အချိန်ကားမွန်းတည့်ချိန်လောက်ဖြစ်၏။ ထို အချိန်မှစ၍မွန်းလွဲသုံးနာရီအထိ မြေတစ် ပြင်လုံးတွင်နေရောင်အလင်းကွယ်၍မှောင် အတိကျလေ၏။-
45. ဗိမာန်တော်ကန့်လန့်ကာသည်လည်းနှစ်ခြမ်း ကွဲလေ၏။-
46. သခင်ယေရှုသည် ``အို အဖ၊ ကိုယ်တော်ရှင်၏ လက်တော်သို့အကျွန်ုပ်၏ဝိညာဉ်ကိုအပ်ပါ၏'' ဟုကျယ်စွာကြွေးကြော်ပြီးနောက်အသက်ချုပ် တော်မူ၏။
47. ဤအဖြစ်အပျက်ကိုတပ်မှူးသည်တွေ့မြင် လျှင် ``ဤသူကားအကယ်ပင်သူတော်ကောင်း ဖြစ်၏'' ဟုဆို၍ဘုရားသခင်၏ဂုဏ်တော် ကိုချီးကူးလေ၏။
48. ဤအမှုအရာကိုကြည့်ရှုရန်လာကြကုန်သော လူပရိသတ်တို့သည် ထိုအဖြစ်အပျက်များကို မြင်သဖြင့် မိမိတို့ရင်ကိုတီးခတ်လျက်ပြန် ကြ၏။-